AB News – သြဂုတ် ၃၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဉ္ဇနပူရခရိုင်၊ ဝီရဌာနီမြို့နယ်တွင် (၃) ကြိမ်မြောက် ခမီရိုးရာ “ဟင်းစားပွဲ” ကို ပြီးခဲ့သည့် သြဂုတ်လ (၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရိုးရာပွဲကို ရိုးရာဟင်းစားပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကျင်းပခဲ့ပြီး ကျေးရွာအသီးသီးမှ တာဝန်ရှိသူများ၊ ခမီတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ပါဝင်ခဲ့ကြသည်။
ထိုရိုးရာပွဲသို့ ခမီလူမျိုးများ၊ ဒေသခံများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခရိုင်ပါတီနှင့် အခြားတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၏ ခရိုင်ပါတီရုံးမှ ရိုးရာ “ဟင်းစားပွဲ” ဖြစ်မြောက်ရေးကော်မတီသို့ ပွဲမြောက်ရေးအတွက် ထောက်ပံ့ငွေ (၁,၂၄၅,၀၀၀) ကျပ်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟင်းစားပွဲသည် ခမီတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သကဲ့သို့ လူမှုအသိုင်းအဝိုင်းအတွင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ရိုင်းပင်းကူညီမှုများကို ဖော်ဆောင်ပေးသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် (၂၇) ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ခမီရိုးရာ ယာဟင်းကိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Photo – AB News
