
AB News – မေ ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV ကို ယနေ့ မေလ ၂၄ ရက်၊ နံနက် ၁၀ နာရီ ခန့်အချိန်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS ဌာနနှင့် မြောက်ဦးခရိုင် အုပ်ချုပ်ရီးဌာနမှ ရှောင်တခွင် ဝင်ရောက်စစ်ဆေးပြီး အဆိုပါ KTV ပိုင်ရှင် နှင့် ဝန်ထမ်းများကို စစ်ဆေးမှုများ ပြုလုပ်ရန် DELPS ဌာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိ ခေါ်ဆောင်ခြင်းခံရသည့် အမျိုးသမီးငယ်အချို့မှာ ရက္ခိုင်အမျိုးသမီးများဖြစ်ပြီး အချို့မှာ ပြည်မဖက်မှ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း သိရှိရသည်။
KTV ပိုင်ရှင် အမျိုးသမီးမှာ ရက္ခိုင်ပြည်သားမဟုတ်သော လူမျိုးနှစ်မျိုး၏ သွေးနှောကပြားတစ်ယောက်ဖြစ်ပြီး သူ၏ပထမအိမ်ထောင်မှာ ယခင် မြောက်ဦးမြို့ အခြေစိုက် ခမရ (၅၄၀) တပ်ရင်းမှ စစ်ကော်မရှင် စစ်သားတစ်ဦး ဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)က မြောက်ဦးမြို့ကို မသိမ်းပိုက်မီအချိန်တွင် စစ်ကော်မရှင်တပ်အတွက် စားနပ်ရိက္ခာရောင်းဝယ်သည့် အလုပ်ကိုလည်း ရံဖန်ရံခါ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ယခု ဖမ်းဆီးခံရမှုတွင် ဝန်ထမ်းများက အစ်မ မွန်မ ဟုခေါ်သည့် မန်နေဂျာ အမျိုးသမီး(လက်ရှိ ဆံပင်အစိမ်းရောင် ဆိုးထားသူ) မပါရှိကြောင်းနှင့် အဆိုပါမန်နေဂျာမှာ ပုဏ္ဏားကျွန်းဖက်သို့ ခရီးထွက်နေကြောင်း KTV ထွက်ဆိုထားသည်။ အဆိုပါ မန်နေဂျာ အမျိုးသမီးမှာ ရက္ခိုင်ဘာသာစကားမပီကလာ ပြောတတ်ကြောင်း သိရှိရသည်။
သတိပေးချက် – သတင်းဖတ်သူများအနေဖြင့် လူမျိုးရေးအရ ဆဲရေးပြောဆိုခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကူညီကြပါရန် Arakan Bay News သတင်းဌာန အနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။