သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မင်းပြားမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်ကို ULA/AA က အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေ

AB News – ​ဇူလိုင် ၁၁၊ ၂၀၂၆

​ရက္ခိုင်ပြည်​​နေရာအနှံ့အပြားတွင် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ပြီး ကျေးရွာအများအပြား ရေကြီးရေလျှံမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

​အဆိုပါ ရေဘေးသင့်ဒေသများအနက် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်ကြသော အသေကာလ၊ မင်းဖူး၊ ကပ်ပဲ၊ ပွဲရကန်ဆိပ်၊ အိုးပျံတောင်၊ ငတာ၊ ထိန်ပင်၊ ပေါက်တော၊ ခွဆုံ၊ ရွှေတောင်၊ ရွှေကျန်၊ ဒုံးသား၊ ဒုံးကြီးရွာ၊ လက်ခုပ်၊ တောတန်း၊ ချင်းဆိပ်၊ တံခွန်တိုင်၊ သလူချောင်းနှင့် ငတက် စသည့် ကျေးရွာများမှာ ရေဘေးဒုက္ခကို ပြင်းထန်စွာ ခံစားနေရကြောင်း သိရသည်။

​ထိုသို့ ပြည်သူများ အခက်အခဲကြုံတွေ့နေရသဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကွင်းဆင်းကာ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပို့ဆောင်ပေးခြင်း၊ စားနပ်ရိက္ခာနှင့် အရေးပေါ်လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

​ဒေသခံများ၏ ပြောကြားချက်အရ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအချို့တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက စက်လှေများ အသုံးပြု၍ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

​လက်ရှိတွင် ရက္ခိုင်ပြည်မြောက်ပိုင်း၌ မိုးဆက်လက်ရွာသွန်းနိုင်၍ မြစ်ချောင်းများအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုကြရန် နှိုးဆော်ထားပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ