သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူးယစ်ပြီး မဆင်မခြင် မောင်းနှင်မှုကြောင့် ကျောက်တော်မြို့ခံ ၁ ဦးကို DLEPS အရေးယူ

AB News – မတ် ၂၉၊ ၂၀၂၆

အရက်သေစာ သောက်စားမူးယစ်ကာ အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့ခံတစ်ဦးကို အာရက္ခပြည်သူ့​ တော်လှန်​ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဌာန (DLEPS) က ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ မတ်လ ၂ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအဝင် တံတားအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် ကိုလပြည့်အောင် သည် မြောက်ဦးမြို့ဘက်မှ အရက်သောက်စားပြီး ကျောက်တော်သို့ အပြန်တွင် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်အား တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး နောက်မှလိုက်ပါလာသူ အသက် ၁၅ နှစ်အရွယ် မောင်ချမ်းငြိမ်း မှာ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

၎င်းတို့နှစ်ဦးကို DLEPS တပ်ဖွဲ့၏ ဆေးဘက်ဆိုင်ရာ မှတ်တမ်းများဖြင့် ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေသည့် မဆင်မခြင် မောင်းနှင်မှုကြောင့် တိုင်ကြားချက်အရ DLEPS က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယာဉ်မောင်းဖြစ်သူ ကိုလပြည့်အောင်အား ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ (မဆင်မခြင်မောင်းနှင်မှု) နှင့် ၃၃၈ (အပြင်းအထန်နာကျင်စေမှု) တို့ဖြင့် ဖမ်းဆီးအရေးယူထားသည်။

အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် မူးယစ် မောင်းနှင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများကြောင့် သူတစ်ပါးကို ထိခိုက်နစ်နာစေပါက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များ ပြတ်ပြတ်သားသား ချမှတ်သွားမည်ဖြစ်ကြောင်း DLEPS က သတိပေးထားသည်။

လက်ရှိတွင် ရက္ခိုင်ဒေသအတွင်း ယာဉ်တိုက်မှုများ လျော့ပါးစေရန် မြို့နယ်အလိုက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ပုံ/စာ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့

AB_News #APRG #DLEPS #Kyauktaw #RoadSafety #DUI #LawEnforcement #PublicSafety #TrafficAccident #RuleOfLaw

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ