သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ဆေးကုသပေး


AB News – ဇွန် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား  အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ဆေးကုသပေးခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

​ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီစွာ ရရှိနိုင်စေရန်နှင့် အခြေခံကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အဆိုပါ ကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ဆေးကုသမှုခံယူဖို့ အခက်အခဲရှိခဲ့ပေမယ့် အခု အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေ လာရောက်ပြီး ပေးနေပါတယ်။ ဒါကြောင့် ကျနော်တို့အတွက် အများကြီး အဆင်ပြေသွားပါတယ်” ဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများကို အဓိကထား၍ စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

“ဆေးဝါးတွေလည်း ရရှိသလို ကျန်းမာရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကြံဉာဏ်တွေလည်း ရပါတယ်။ ပြည်သူတွေကို အခုလို ဂရုစိုက်ပေးတာကောင်းပါတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအား ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးကုသမှုပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ပြီး ဝန်ဆောင်မှုများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိစေရေးနှင့် အခြေခံကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်အသီးသီး၌ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ – ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ဆေးကုသပေးနေသည်ကို မြင်တွေ့ရစဉ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ