သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗုဒ္ဓဓမ္မပရိယတ္တိစာမေးပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်တွင် ပထမအကြိမ် ကျင်းပ



AB News – ဇူလိုင် ၁၊ ၂၀၂၆

ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် ဗုဒ္ဓဓမ္မပရိယတ္တိဆိုင်ရာ စာမေးပွဲကို ပထမဆုံးအကြိမ်ဖြစ် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနှင့် တောင်ကုတ်စသည့် ခရိုင် ၄ ခုတွင် စာစစ်ဌာန ၄ ခု သတ်မှတ်ပြီး ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေအထိ (၆ ရက်တိုင်တိုင်) ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဓမ္မပရိယတ္တိဆိုင်ရာ စာမေးပွဲကို ရပ်နားထားခဲ့ရသည်မှာ ၆ နှစ်တိုင်တိုင်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ယခုအခါတွင် ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် မူ၊ ငယ်၊ လတ်၊ ကြီးနှင့် စမ္မစရိယတန်းစာမေးပွဲများကို အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရနှင့် သာသနာရေးဆိုင်ရာပုဂ္ဂိုင်များက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြောက်ဦးခရိုင်အတွင်း ဖြေဆိုရန် စာရင်းသွင်းထားသည့် သင်္ဃာ ၈၉ ပါးထိရှိခဲ့သော်လည်း သင်္ဃာ ၆၁ ပါးသာ ဖြေဆိုရန်ရောက်ရှိခဲ့ပြီး သင်္ဃာ ၂၈ ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ