သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ် ဗုံးကြဲခံရမှုအတွင်း ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရရှိ

AB News – သြဂုတ် ၂၄၊ ၂၀၂၆

ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယနေ့ (သြဂုတ်လ ၂၄ ရက်နေ့) ၊ မွန်းတည်း ၁၁ နာရီ ၉ မိနစ်အချိန်မှစ၍ ၁၁ နာရီ ၁၆ မိနစ်အချိန်ခန့်ထိ စိမ်းညှင်းဝကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံးနှင့် Rocket ဗုံး ၈ လုံး စုစုပေါင်း ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများမှာ စိမ်းညှင်းဝကျေးရွာမှာ –

၁။ မောင်ထက်မြတ်ကျော် (၁ နှစ်)၊
၂။ မောင်မြတ်ကျော်နိုင် (၁ဝ နှစ်)၊
၃။ မသန်းဝင်း (၃၆ နှစ်)၊
၄။ ဒေါခိုင်ခိုင်စိုး (၄၆ နှစ်) နှင့်
၅။ ဒေါ်သန္တာဖြူ (၇၁ နှစ်) တို့ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ –

၁။ ကိုဖြိုးခန့် (၄ နှစ်)၊
၂။ မေသော်တာ (၇ နှစ်)၊
၃။ ခိုင်အေးဆန်း (၈ နှစ်)၊
၄။ မင်းမြတ်သူ (၉ နှစ်)၊
၅။ ခိုင်လင်းဟိန်း (၉ နှစ်)၊
၆။ နိုင်လင်းစိုး (၁၀ နှစ်)၊
၇။ နေပိုင်ဖြိုး (၁၀ နှစ်)၊
၈။ ဌေးဌေးစိုး (၁၂ နှစ်)၊
၉။ ဆန်းအေးမေ (၁၃ နှစ်)၊
၁၀။ နိုင်နိုင်စိုး (၂၉ နှစ်)၊
၁၁။ ဦးတင်ထွန်း (၄၈ နှစ်)၊
၁၂။ ချစ်စုဝေ (၃၅ နှစ်)၊
၁၃။ ရွှေယဉ်ဦး (၄၀ နှစ်)၊
၁၄။ လှသန်းဝင်း (၄၅ နှစ်)၊
၁၅။ ဒေါ်ဝဲတိုးမ (၆၀ နှစ်)
၁၆။ ဝင်းမြဦး (၇၈ နှစ်) နှင့်
၁၇။ ဒေါ်မောင်မြစိန် (၉၇ နှစ်) တို့ဖြစ်သည်။

ထို့အပြင် အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံ၊ သိမ်၊ ဥပုသ်အဆောင်၊ လူနေအိမ် ၉ ဆောင်နှင့် စပါးကျီ ၁ လုံးပျက်စီးသွားခဲ့ရသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေသခံပြည်သူများကို အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးထားကြောင်း သိရသည်။

(Photo – AB News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ