သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စေတုတ္တရာနှင့် အမ်းမြို့နယ်အစပ်တွင် မဂ္ဂနီကျု ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်



AB News – မေ ၁၁၊ ၂၀၂၆

မကွေးတိုင်း၊ စေတုတ္တရာမြို့၏ အနောက်ဘက်နှင့် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်အစပ် တောင်တန်းဒေသကို ဗဟိုပြု၍ ယနေ့အစောပိုင်းတွင် မဂ္ဂနီကျု ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) က ထုတ်ပြန်သည်။

အဆိုပါငလျင်သည် ယနေ့ မေလ ၁၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီ၊ ၆ မိနစ်၊ ၃၅ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုချက်မှာ စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၄၈ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၄.၀၈ ဒီဂရီတွင် ရှိကြောင်း သိရသည်။ မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် တုန်ခါမှုကို သိသိသာသာ ခံစားခဲ့ရပြီး မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက “ငလျင်လှုပ်တာ ၇ စက္ကန့်လောက် ကြာတယ်။ အိပ်နေရင်းနဲ့ အိမ်က တုန်ခါလာတာ သိသာလို့ နိုးလာတာပါ” ဟု AB News သို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်၊ ည ၁ဝ နာရီ၊ ၄ မိနစ်နှင့် ည ၁ဝ နာရီ၊  ၂၂ မိနစ်တွင်လည်း အမ်းမြို့ မြောက်ဘက်ပိုင်း မိုင် ၅ဝ အကွာလောက်တွင် ရက္ခိုင်ရိုးမတောင်တန်းအောက်အနက် ၆ မိုင်ကိုဗဟိုပြု၍ မြေငလျင်နှစ်ကြိမ်တိုင်လှုပ်ခတ်သွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ