သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ ”အိန္ဒိယဈေး” ဗုံးကြဲခံရမှုအပေါ် စစ်ကော်မရှင်အား ICC နှင့် ICJ တို့၌ အရေးယူပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

AB News – စက်တင်ဘာ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားရာ “အိန္ဒိယဈေး” ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ အရေးယူပေးရေး အာရက္ခဒေသအခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်၌ ပြည်သူများ သက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်နေသည့် ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးရှိ အိန္ဒိယဈေးကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၅၀ သေဆုံးပြီး ၆၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဂျနီဗာ ကွန်ဗန်းရှင်းများ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ (IHL) နှင့် ကုလသမဂ္ဂ ပဋိညာဉ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်သည့် စစ်ရာဇဝတ်မှု (War Crime) နှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကော်မရှင်သည် မြေပြင်စစ်ပွဲများတွင် အရေးနိမ့်နေမှုကြောင့် လက်နက်မဲ့ အရပ်သားများကို ရက်စက်စွာ အစုလိုက်အပြုံလိုက် ပစ်မှတ်ထား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လူသားမျိုးနွယ်အပေါ် ရက်စက်စွာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် အကြမ်းဖက် စစ်ကော်မရှင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့အပါအဝင် နိုင်ငံတကာ တရားရုံးများမှ အမြန်ဆုံး အရေးယူပေးရန် AAYON၊ ACN နှင့် AAD စသည့် အရပ်ဘက် အဖွဲ့အစည်းများက ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံ အရေးပေါ် မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ