သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျန်ရှိနေသော အာရက္ခလောင်ပေါ် ဆုငယ် ၃၀ ကို ထပ်မံကြေညာ

AB News – ဇူလိုင် ၁၊ ၂၀၂၆

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲ၏ ပထမဆုံးအကြိမ် အာရက္ခလောင်ပေါ်ဖွင့်ပွဲကို ယနေ့ (ဇူလိုင် ၁ ရက်) နေ့လည်ပိုင်းတွင် ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။

ယခု ပထမအကြိမ် ဖွင့်ပွဲတွင် ပထမဆု ငွေကျပ်သိန်း ၅၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၃၀၀၊ တတိယဆု ငွေကျပ်သိန်း ၂၀၀ နှင့် သိန်း ၅၀ ဆု ၆ ဆု၏ ပေါက်မဲနံပတ်များကို အသီးသီး ထုတ်ပြန်ပေးခဲ့ပြီဖြစ်သည်။

ထို့ပြင် မထုတ်ပြန်ဘဲ ကျန်ရှိနေသေးသည့် ငွေကျပ်သိန်း ၁၀ ဆုအတွက် ပေါက်မဲနံပတ် (၁၀)နှင့် ငွေကျပ် ၅ သိန်းဆုအတွက် ပေါက်မဲနံပတ် (၂၀)တို့ကို ဆက်လက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ