သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလားတန်မြစ်အတွင်း ရေနစ်သေဆုံးခဲ့သည့် ကျောက်ဆိပ်ရွာမှ မသန်းအေးနွယ်၏ ရုပ်အလောင်းအား တွေ့ရှိ

AB News – ဇွန် ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် ဇွန်လ ၁၅ ရက်နေ့က ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး ရေနစ်သေဆုံးသွားခဲ့ရာ ဇွန်လ ၁၆ ရက်နေ့တွင် မဝင်းမြတ်သူ၏ ရုပ်အလောင်းကို ရှာတွေ့ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှသာ မသန်းအေးနွယ် ၁၂ နှစ် ၏ ရုပ်အလောင်းကို ရှာတွေ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုကြသည်။

ရှာဖွေတွေ့ရှိသည့် ရုပ်အလာင်းမှာ ဦးမောင်သန်းလွင်၏ သမီး မသန်းအေးနွယ် ၁၂ နှစ်၏ ရုပ်အလောင်းဖြစ်ပြီး ၎င်းရုပ်အလောင်းကို ဇွန်လ ၁၇ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုလားတန်​မြစ်အတွင်း ရေနစ်သေဆုံးခဲ့သူများမှာ ကျောက်ဆိပ်ကျေးရွာမှ ဦးဇော်နိုင်ချေ၏ သမီး မဝင်းမြတ်သူ (၁၃)နှစ်နှင့် ဦးမောင်သန်းလွင်၏ သမီး မသန်းအေးနွယ် (၁၂)နှစ် တို့ဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတား အနီးရှိ ကင်းချောင်းတွင် ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၁ ဦး သေဆုံးခဲ့ရသည်။

ရက္ခိုင်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၁၉ ရက်နေ့အထိ ရေနစ်သေဆုံးသူ ၄၀ ခန့် ရှိကြောင်း Arakan Bay News ၏ ကောက်ယူထားသည့် စာရင်းအရ သိရှိရသည်။

 လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သယ်ယူပို့ဆောင်ရေးဌာနကလည်း ရေယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်များကို အစဉ်မပြတ် ဂရုပြုစောင့်ကြည့်ပြီးမှ ခရီးသွားလာရန်၊ ရေကြောင်းခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီ (Life Jacket) များကို မပျက်မကွက် ဝတ်ဆင်ကြရန်၊ ရေယာဉ်များပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ပမာဏထက် အလွန်အကျွံ တင်ဆောင်ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ