သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုရ်ဘာနီပွဲတော်မှာ အစ္စလာမ်ဘာသာဝင်တွေ အသားလှူဒါန်းနေတဲ့ မြင်ကွင်း(ဓာတ်ပုံသတင်း)



AB News – မေ ‌၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီပွဲတော် အထိမ်းအမှတ်အဖြစ် အသားလှူဒါန်းနေကြတာကို မြင်တွေ့ရတာဖြစ်ပါတယ်။

ကုရ်ဘာနီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစ္စလာမ်ပြက္ခဒိန်ရဲ့ နောက်ဆုံးလ ဇုလ်ဘဂ်ဂျလ်လ ၁၀ ရက်နေ့မှာ ကျင်းပလေ့ရှိပြီး ၃ ရက်ကနေ ၄ ရက်ထိ ရပ်ရွာအတွင်းက ဆင်းရဲကျပ်တည်းတဲ့ မိသားစုတွေကို ငွေကြေးတတ်နိုင်သူတွေက အသား လှူဒါန်းပြီး ကုသိုလ်ပြုလေ့ ရှိတယ်လို့ မူဆလင်ပြည်သူတွေက ဆိုကြပါတယ်။

ကုရ်ဘာနီပွဲတော်ကို အစ္စလာမ်ဘာသာရဲ့ တမန်တော် အီဗရာဟင်မ်ရဲ့ ဘုရားသခင်အပေါ် ထားရှိတဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အမိန့်တော်နာခံမှုကို အသိအမှတ်ပြုကြပြီး အထိမ်းအမှတ်အဖြစ် ရှေးအဆက်ဆက်က ကျင်းပလာခဲ့တဲ့ ဘာသာရေးအရ ကြီးမြတ်တဲ့ ပွဲတော်ဖြစ်တယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ ကုရ်ဘာနီပွဲတော်ကို အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်က မြို့နယ်အသီးသီးမှာ စည်စည်ကားကား ကျင်းပခဲ့ကြပြီး ULA/AA က ပွဲတော်သုံး နွားတွေ လှူဒါန်းခဲ့တဲ့အပြင် အခွန်ကင်းလွတ်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Loki/Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ