သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝ ကြောင်ချောင်းရွာကို စကမ ဗုံးကြဲမှုကြောင့် နေအိမ်များ မီးလောင် ပျက်စီး
မတ်လ ၂၉ ရက်နေ့တွင်စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင် ပျက်စီးသွားသည့် ကြောင်ချောင်းရွာမှ နေအိမ်များကို တွေ့ရစဥ်။

AB News – မတ် ၂၉၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို ယနေ့ညနေပိုင်းတွင် စစ်ကော်မရှင် (စကမ) တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် အများအပြား မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ညနေ ၄ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဗုံးပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များတွင် မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

“ဗုံးကျပြီးတာနဲ့ အိမ်တွေက မီးစလောင်တာပဲ။ အိမ်တွေက သစ်နဲ့ဝါးဆိုတော့ မီးက ခဏချင်းပဲ ကူးစက်ကုန်တယ်။ အကုန်လုံးကလည်း ကြောက်ပြီး ပြေးနေရတော့ မီးသတ်ဖို့တောင် မလွယ်ဘူး။ အိမ်အများကြီး မီးလောင်ပျက်စီးသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် မီးလောင်ပျက်စီးသွားသည့် အိမ်ခြေအရေအတွက်နှင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးအား Arakan Bay News မှ ဆက်လက်စုံစမ်း အတည်ပြုလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ