ပလက်ဝကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်

AB News – သြဂုတ် ၂၆၊ ၂၀၂၆
ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာကို ယနေ့ ညသန်းခေါင်အချိန်တွင် စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသသည်။
ယနေ့ (သြဂုတ် ၂၆ ရက်)၊ ညသန်းခေါင် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေလိုက်ဝကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို AB News မှ ဆက်လက်စုံစမ်းလျက် ရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။