သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘက်ပေါင်းစုံမှ ကူညီပေးနေသော ULA/AA ကို ကျေးဇူးတင်ရှိကြောင်း CPU/CPA ပြော


AB News – နိုဝင်ဘာ ၁၆၊ ၂၀၂၆

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)အား ဘက်ပေါင်းစုံမှ ကူညီပေးနေသော မဟာမိတ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နှင့် လက်ရှိမြေပြင်တွင် အတူတကွ  တိုက်ပွဲဝင်နေကြသည့် ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်း အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း CPU/CPA က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်တော် ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မျိုးကိုမဆို ​ချုပ်ငြိမ်းစေရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို စတင်ထူထောင် ဖွဲ့စည်းလာခဲ့သည့် (၁) နှစ် ပြည့်မြောက်သော နေ့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တစ်နှစ်ပြည့် အခါသမယအတွင်း တော်လှန်ရေးကာလ၌ အသက်ပေးလှူသွားကြသည့် အာဇာနည်ရဲဘော်များနှင့်တကွ လက်ရှိစစ်မြေပြင်တွင် ချင်းလူမျိုးတို့၏ ဘိုးဘွားပိုင်မြေအား သူရသတ္တိပြည့်စုံစွာဖြင့် ခုခံကာကွယ်နေကြသော ချင်းပြည့်သူတပ်မတော် ရဲဘော်များနှင့်တကွ အတူတိုက်ပွဲဝင်နေသည့် မဟာမိတ်ရဲဘော်များ အားလုံးကို ဦးစွာပထမ ဂုဏ်ပြုဦးညွတ် အလေးပြုကြောင်း ဖော်ပြထားသည်။

လက်ရှိခုခံစစ်အတွင်း CPU/CPA အတွက် ငွေရေးကြေးရေး၊ ဆေးဝါးရိက္ခာများ ပေးလှူနေကြသော ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ကူညီ ပံ့ပိုးပေးကြရန်အတွက်လည်း မေတ္တာရပ်လိုကြောင်း CPU/CPA က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ