AB News – နိုဝင်ဘာ ၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်ခဲမှုအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး ထက်မနည်းရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်၊ ညဉ့် ၁၁ နာရီ ၂၈ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ အသက် (၃၅) နှစ်အရွယ် မသဲသဲမွန် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်၊ နံနက် ၁ နာရီ ၅၇ မိနစ် အချိန်ခန့်တွင် စစ်ကော်မရှင်သည် ကျောက်တော်မြို့နယ်၊ မျှာလီကန်ကျေးရွာအနီးတဝိုက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မျှာလီကန်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်မှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပုံ – AA Info Desk
































