သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်-မကွေးအစပ် တိုက်ပွဲများအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်ခဲယမ်းများ AA သိမ်းဆည်းရရှိ

AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆

ရက္ခိုင်-မကွေးအစပ် မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးနှင့် ပွိုင့် (၉၄၈) တောင်ကုန်းဝန်းကျင်တို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်သားအလောင်းအချို့နှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြားကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

​ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ရက္ခိုင်-မကွေး အစပ်ဖြစ်သော မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးနှင့် ပွိုင့် (၉၄၈) ကုန်းအပါအဝင် သဖန်ရောင်ဒေသတို့၌ စစ်ကော်မရှင်၏ ထိုးစစ်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ အထိနာကာ သေဆုံးမှုများပြားခဲ့ပြီး စစ်သားအလောင်းအချို့နှင့်အတူ စစ်ကော်မရှင်တပ်ထံမှ လက်နက်၊ ခဲယမ်းကျည်ဆံများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို AA က သိမ်းဆည်းရရှိခဲ့သည်။

စစ်ကော်မရှင်တပ်သည် ရက္ခိုင်-မကွေး နယ်စပ်အစပ် မင်းတုန်းနှင့် သဖန်ရောင်ဒေသဘက်မှတစ်ဆင့် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးရန် ကြိုးပမ်းလျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ ခုခံတိုက်ခိုက်မှုများကြောင့် အထိနာကာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာနေရလျက်ရှိကြောင်း သိရသည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ