သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်​​မြို့နယ်၊ ဇီးကိုင်းကျေးရွာတွင် စစ်ကော်မရှင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် သားအမိ ၂ ဦး သေဆုံး

AB News – စက်တင်ဘာ ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သား သားအမိ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာ ၂၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ဇီးကိုင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့် သေဆုံးသွားသော သားမိ ၂ ဦးမှာ ဇီးကိုင်းကျေးရွာနေ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ဖြစ်သည်။

မိခင်​ဖြစ်သူ ဒေါ်အေးနုဖြူမှာ ဘယ်ဘက်နို့အုံ အထက်ညှပ်ရိုးတွင် ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ ဒေါ်မရွှေတင် ၏ ဦးခေါင်း နောက်ဘက်တွင် ကျည်စ ထိမှန်ကာ သားအမိ ၂ ဦးလုံး ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိရာ ဒေသခံ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်။

Photo – Ven Nga Naw

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ