သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“Operation 4926” စစ်ဆင်ရေးဟု စစ်လော်ဘီများဝါဒဖြန့်နေစဥ် ရှေ့တန်းစစ်မြေပြင်တွင် တပ်ပျက်ကာ အကျဆုံးများနေ

AB News – စက်တင်ဘာ ၉၊ ၂၀၂၆

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရက္ခိုင်ဒေသကို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား၏ ထိုးစစ်လမ်းကြောင်းအတိုင်း ပြန်လည်သိမ်းပိုက်ရန် “Operation 4926” စစ်ဆင်ရေး စတင်လိုက်ပြီဟု စစ်တပ်လော်ဘီများက ဝါဒဖြန့် ကြွေးကြော်နေကြသော်လည်း မြေပြင်စစ်မြေပြင်တွင် စစ်ကော်မရှင်တပ်မှာ အကျဆုံးများပြားကာ တပ်ပျက်ကာ အကျဆုံးများ​​ပြီး AA ထံအလင်းဝင်လာသည့် ရုပ်သံများမှာလည်း လူမှုကွန်ယက် ပေါ်တွင်ပျံနှံလျက်ရှိနေသည်။

စစ်တပ်ထောက်ခံသူ လော်ဘီ ကျော်စိုးဦး အပါအဝင် လော်ဘီအသိုင်းအဝိုင်းက စက်တင်ဘာ ၄ ရက်မှစတင်၍ အင်အားထောင်ချီဖြင့် ရက္ခိုင်ဒေသသို့ စစ်ကြောင်းထိုးနေပြီဟု ဆိုရှယ်မီဒီယာများတွင် သတင်းလွှင့်ထားကြသည်။

သို့သော်လည်း လက်ရှိတွင် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြားနှင့် အဓိက စစ်စခန်းကြီးများကို AA က အပြီးသတ် ထိန်းချုပ်ထားချိန်ဖြစ်၍ စစ်တပ်ဘက်မှ စိတ်ဓာတ်ရေးရာ လှုံ့ဆော်ရန်နှင့် ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ဇာတ်ခင်းနေခြင်းသာဖြစ်သည်။

စစ်လော်ဘီများ၏ ကြွေးကြော်ချက်များနှင့် ဆန့်ကျင်ဘက်အဖြစ် သံတွဲ၊ ဂွ၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်စစ်မျက်နှာတို့တွင် စစ်ကော်မရှင်တပ်သည် အထိနာလျက်ရှိသည်။

AA ၏ ထိရောက်သည့် ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးဒဏ်ရာရရှိနေပြီး တပ်ရင်းလိုက် စိတ်ဓာတ်ကျဆင်းကာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများနှင့် လက်နက်ချ အလင်းဝင်ရောက်သူ ရာချီရှိလာနေသည်။

စစ်မြေပြင်တွင် ကုန်းကြောင်းစစ်ကြောင်းများ ရှေ့မတိုးနိုင်ဘဲ အထိနာနေသဖြင့် စစ်ကော်မရှင်သည် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်းနှင့် ရေကြောင်း လက်နက်ကြီးများဖြင့် ပစ်မှတ်ထား ဗုံးကြဲသည့် စစ်ရာဇဝတ်မှုများကိုသာ တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

Video – လူမှုကွန်ယက် (crd)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ