သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းရှိ ရှေ့ဟောင်းသမိုင်းဝင် ဂူဝဘုရားကို အကြမ်းဖက်စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုရားဆင်းတုတော်များပျက်စီး

AB News – စက်တင်ဘာ ၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရှေ့ဟောင်းသမိုင်းဝင် ဂူဝဘုရားကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ ရှေ့ဟောင်းရုပ်ပွားတော်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်နေ့ ညည့် (၁၀) နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်သည် ဂူဝဘုရားအနီးကို လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်တွေတပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရှေ့ဟောင်းသမိုင်းဝင်ဂူဝဘုရားရှိ ရဟန်းတာ (၅၀၀) ဆင်းတုတော်များ ပျက်စီးသွားခဲ့ကြောင်းသိရသည်။

အဆိုပါဂူဝဘုရားသည် ပုဏ္ဏားကျွန်းမြို့မြောက်ဖက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းမကြီးနံဘေး၌ တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဘုရားများဖြစ်သည်။

စက်တင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်းက စ၍ စစ်တွေမြို့နယ်ဘက်မှာ စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြိုနယ် သုံးခုအစပ်ရှိ ကျေးရွာ (၅) ရွာကို စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ်များအသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ