သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား ငါးတန်ပြင်ကျောင်း မြေယာအငြင်းပွားမှု ထိန်းသိမ်းခံရသူ ၄၁ ဦးကို ပြန်လွှတ်

AB News – ဇူလိုင် ၂၃၊ ၂၀၂၆

ရက္ခိုင်​​ပြည်၊ မင်းပြားမြို့နယ်၊ ငါးတန်ပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဘုန်းတော်ကြီးကျောင်း အငြင်းပွားမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ခေတ္တထိန်းသိမ်းခံခဲ့ရသည့် ဒေသခံ ရွာသား ၄၁ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဇူလိုင်လ ၂၂ ရက် ​နေ့လည်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ငါးတန်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သံဃာ့အဖွဲ့အစည်းများ၏ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဦးင/ပျော့ ပါဝင်သည့် ဒေသခံ ၁၅ ဦးက သံဃာတစ်ပါးအား ကျောင်းထိုင်အဖြစ် သီတင်းသုံးစေခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကျောင်းဝင်းမြေကို ခြံစည်းရိုးခတ်၍ နှစ်ခြမ်းခွဲခြင်းနှင့် စေတီတော်တွင် ရွှေသင်္ကန်းကပ်လှူရန် ဆောက်ထားသော ငြမ်းများကို ဖြိုဖျက်ခဲ့ခြင်းတို့ကြောင့် ကျေးရွာအတွင်း အငြင်းပွားမှုများ ပိုမိုကြီးထွားလာခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာမှ ဇူလိုင်လ ၁၈ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် ပါဝင်ပတ်သက်သူများကို သွားရောက်ခေါ်ယူစစ်ဆေးခဲ့သည်။ သို့သော် ဒေသခံအချို့က နားလည်မှုလွဲမှားကာ တားဆီးဆဲဆိုခြင်းနှင့် ဝတ္တရားနှောက်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တာဝန်ရှိသူများက ရွာသား ၄၁ ဦးကို ယာယီခေါ်ယူထိန်းသိမ်းခဲ့ရခြင်းဖြစ်သည်။

ထို့​​နောက်တစ်ရက်ခန့်အကြာ ဇူလိုင်လ ၂၂ ရက် နေ့လည် ၂ နာရီခန့်တွင် ထိန်းသိမ်းထားသူများကို ရပ်ရွာအေးချမ်းရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်။

လက်ရှိတွင်မူ ဖြစ်စဉ်၌ အဓိကပါဝင်သူ ၁၅ ဦးအနက် အချို့ကို ဒီလပ်မှ ဆက်လက်စစ်ဆေးနေပြီး ကျန်ရှိသော ဥပဒေလုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ