
AB News – မေ ၂၄၊ ၂၀၂၆
ရွှေရိုးရာ KTV အား DLEPS နှင့် ခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးထိမ်းသိမ်းခြင်းတွင် ကျွန်တော်တို့ ABN သတင်းဌာန၏ သတင်းရယူမှုနှင့် သတင်းရေးသားထားမှု အားနည်းချက်ကြောင့် သတင်းဖော်ပြချက်တွင် “KTV ပိုင်ရှင်အမျိုသမီးအား ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း” အဓိပ္ပါယ်ပေါက်သည့် အချက်အလက်မပြည့်စုံမှုများရှိခဲ့ပါသဖြင့် တာဝန်ထမ်းဆောင်နေသော အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS တပ်ဖွဲ့ဝင်များနှင့် ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများအပါအဝင် သတင်းဖတ်ရှုသောပြည်သူလူထုအား ABN သတင်းဌာနမှ ဦးစွာပထမ အနူးညွတ်တောင်းပန်အပ်ပါသည်။
သတင်းအမှန်မှာ KTV ပိုင်ရှင်မ မမိုး(ခ) ခင်မိုးမိုးဝင်း (အသက် ၅၆ နှစ် ) – ကျော်ဝင်းနိုင် (မမိုး၏ဒုတိယအိမ်ရှင် ) အသက် ၂၉ နှစ် ၊ KTV ပိုင်ရှင်မ မမိုး၏ သမီးနှစ်ယောက် ဖြစ်သည့် မနှင်းအိဖြိုး (၃၅နှစ် )နှင့် ဝေဇင် (၃၂ နှစ်) အပါအဝင် ၄င်းတို့၏မိသားစုဝင် ကျော်ဇင်မျိုး (၃၂ နှစ် ) တို့အား အရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူများ စတင်ဝင်ရောက်ဖမ်းဆီးစဉ်ကတည်းက ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။
သတင်းဖြည့်စွက်မှုအဖြစ် မန်နေဂျာ လှလှဝင်း (ခ) မေခ (ခ) မ မွန်မ (၄၅နှစ်) (နေရပ် -ဘီးလင်းမြို့၊မွန်ပြည်နယ်) ၊ မဝင်းဝင်းပြည့် (ခ) ထိပ်ထား(၄၁နှစ်) မန်နေဂျာနှင့်ရင်းနှီးသူ) (နေရပ် -တောင်ဥက္ကလာ (၁၀)ရပ်ကွက် ရန်ကုန်မြို့ ) တို့အားလည်း ယခုအချိန်တွင် ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီးဖြစ်သည့် သတင်းသစ်အား ဖော်ပြလိုက်ရပါသည်။