AB News- ဇူလိုင် ၁၀၊ ၂၀၂၅
ဒေဝီ
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ယမန်နေ့ ဝါဆိုလပြည့်နေ့ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ကလေးသူငယ်များ အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားကြောင်း သိရသည်။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသအတွင်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ယမန်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ယမန်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုကြောင့် နေအိမ်တချို့နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းလည်း ပျက်စီးမှုရှိသည်ဟု သိရှိရသည်။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်ဆလယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများနှင့် ဘုရားကျောင်း ပျက်စီးသွားသည်ကို တွေ့ရစဥ်/ခေတ်သစ်

