သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယတွင် စုန်းဟု စွပ်စွဲခံရသည့် မိသားစုဝင် ၅ ဦး အကြမ်းဖက် မီးရှို့သတ်ဖြတ်ခံရ

AB News – ဇူလိုင် ၁၀၊ ၂၀၂၅
နွယ်စိုး

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ပူနီယာခရိုင်၊ အိုရာအွန်တိုင်းရင်းသားကျေးရွာတွင် မိသားစုဝင် ၅ ဦးသည် စုန်းပြုစားသည်ဟု စွပ်စွဲခံရပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဇူလိုင်လ ၈ ရက်နေ့က ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း Asia News သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင် ၆ ရက်နေ့၊ ညက ရွာသား ၅၀ ခန့်ပါဝင်သော လူအုပ်စုကြီးသည် သီတာဒေဝီ (Sita Devi) တို့ မိသားစုအား နေအိမ်အတွင်း ဝင်ရောက်ကာ ရိုက်နှက်ခဲ့ပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အိုရာအွန်တိုင်းရင်းသားကျေးရွာတွင် ကလေးတစ်ဦးသေဆုံးပြီး အခြားတစ်ဦးဖျားနာခဲ့ခြင်းကြောင့် သီတာဒေဝီ (Sita Devi) တို့မိသားစုကို ရွာသားများက စုန်းအတတ်ဖြင့် ပြုစားသည်ဟု စွပ်စွဲခဲ့ကြသည်။

လက်ရှိတွင် ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားပြီး အခြားရွာသားများလည်း ပါဝင်ပတ်သက်နိုင်ကြောင်း သံသယရှိနေသည်။

သတ်ဖြတ်ခံခဲ့ရသည့် မိသားစုမှ အရွယ်မရောက်သေးသော ကလေးငယ်တစ်ဦးသည် ဆွေမျိုးတစ်ဦး၏ နေအိမ်သို့ ရောက်ရှိနေခဲ့သောကြောင့် အသက်မသေဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်