သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် ပေါ့ဆမီးကြောင့် နေအိမ် ၁ လုံး မီးလောင်ပြာကျ

AB News – မတ် ၂၇ ၊ ၂၀၂၅

ရက္ခိုင်ပြည် ၊ ပေါက်တောမြို့နယ်၊ မြင့်ဂါရွာသစ်ကျေးရွာတွင် ပေါ့ဆမီးကြောင့် နေအိမ် ၁ လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၂၆ ရက်၊ ညဥ့်အချိန်တွင် နေထိုင်သူမရှိသည့် ဦးမောင်မြင့်စိုး၏ နေအိမ်မှာ မီးလောင်ပြာကျသွားခဲ့ကြောင်း ရွာသား ၁ ဦးက AB News သို့ပြောသည်။

” မနေ့က ညဥ့်အချိန်လောက်မှာ မီးလောင်သွားတာ။ အဲ့ဒီအိမ်မှာက နေထိုင်သူတွေလည်းမရှိဘူး။ ဘယ်နေရာကစလို ဘယ်လိုမီးလောင်သွားမှန်းလည်းမသိဘူး” ဟု ဆိုသည်။

မီးလောင်ပြာကျသွားသည့် နေအိမ်ပိုင်ရှင်မှာ မြင့်ဂါရွာသစ်မှ ဦးစိုးမြင့်ဖြစ်ပြီး ၎င်းမှာ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူမှာလည်း ကျောက်စုကျေးရွာတွင် နေထိုင်နေသူဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ သတ်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်းသိရှိရသည်။

လက်ရှိတွင် ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ မောင်တော နှင့် ပေါက်တောမြို့တို့တွင် မီးလောင်မှုများလာသည်ကို တွေ့ရှိရသည်။

သို့​ဖြစ်၍ အပူချိန်လွန်ကဲသည့် ​နွေရာသီတွင် မြို့များနှင့် ကျေးရွာများအတွင်း မီးလောင်ကျွမ်း​​​ခြင်း ဖြစ်ပွားမှုများ ရှိနေသည့်အတွက် မီးလောင်ကျွမ်းမှုများကို တားဆီးနိုင်ရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး နိုးဆိုမှုများကို ULA/AA နှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများက ဆောင်ရွက်လျက် ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ