
AB News – မတ် ၁၇ ၊ ၂၀၂၅
လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူဆလင်ဒုက္ခသည်များကို ရက္ခိုင်ပြည်သို့ ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကော့ဘဇားခရိုင်ရှိ မူဆလင်ဒုက္ခသည်စခန်းများအတွင်း ကုလအထွေထွေအတွင်းရေးမှုုးချုပ် ဂူတာရက်စ် အန်တိုနီနှင့်အတူ ရောက်ရှိနေစဉ် မူဆလင်များနှင့် တွေ့ဆုံရာတွင် ယူနွတ်စ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
မူဆလင်ဒုက္ခသည်များ ရက္ခိုင်ပြည်သို့ ပြန်ပို့နိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ (UN)နှင့် အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယူနွတ်စ်က ဆိုထားသည်။
ယင်းအပြင် မူဆလင်ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရာမဒါန်ဥပုသ်လ ပွဲတော်အတွင်း ရက္ခိုင်ပြည်မှ နေရပ်များတွင် ကျင်းပနိုင်ရေး ကြိုပမ်းသွားမည်ဟုလည်း ယူနွတ်စ်မှ ထပ်မံ ကတိပေး ပြောကြားခဲ့သည်။
မွတ်ဆလင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက အမြဲကြိုးပမ်းနေပြီး အာရက္ခတပ်တော်(AA) နှင့် ထိတွေ့ဆက်ဆံ စကားပြောရမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က လက်ခံထားကြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းမီ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်၏ ရက္ခိုင်ပြည်အတွင်း လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သိန်းနှင့်ချီသည့် မူဆလင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အများစုမှာ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသည်။