သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသနေ မူဆလင်များ၏ ဝါဖြေပွဲ(အိဒ်အလ်ဖိထရ်)ကို ပျော်ပျော်ရွှင်ရွှင် ကျင်းပ(ဓာတ်ပုံသတင်း)

AB News – မတ် ၂၁၊ ၂၀၂၆

အာရက္ခဒေသမှ မူဆလင်များ၏ ရာမာဒန် ဥပုသ်လ ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ဝါဖြေပွဲ (အိဒ်အလ်ဖိထရ်) ကို ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ပျော်ရွှင်စွာ ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

အာရက္ခဒေသအတွင်းရှိ မြို့နယ်အသီးသီးမှ ဗလီများတွင်လည်း အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝတ်ပြုမှုများကို ပြုလုပ်ခဲ့ကြသည်။

ဝါဖြေပွဲ(အိဒ်အလ်ဖိထရ်)၌ မူဆလင်လူငယ်များမှာလည်း စုပေါင်း၍ မြို့နယ်အနှံ့ လည်ပတ်ကာ ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

အဆိုပါပွဲတွင် မူဆလင်ဘာသာဝင်များနှင့် အတူယှဥ်တွဲနေထိုင်သည့် ရက္ခိုင်ဒေသခံပြည်သူများပါ အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရှိရသည်။

၎င်းအပြင် အချိုပွဲများနှင့် အစ္စလာမ်ရိုးရာ အစားအစာများကိုလည်း ရက္ခိုင်-မူဆလင်များအကြား အပြန်အလှန် ပေးကမ်းဝေမျှခဲ့ကြသည်ကို တွေ့ရသည်။

ရာမာဒန် ဥပုသ်လသည် မူဆလင်များ၏ အထူးလ တစ်လလည်းဖြစ်ပြီး ထိုကာလအတွင်း အသက် ၁၂ နှစ်အထက် လူကြီး၊ လူငယ်များမှာ နေထွက်ချိန်မှ နေဝင်ချိန်အထိ အစားအစာနှင့် သောက်ရေ မယူဘဲ ဥပုသ်စောင့်ထိန်းကြရသည်။

ဥပုသ်စောင့်ပြီး တစ်လအကြာ ဥပုသ်သီတင်းလ ကုန်ဆုံးပြီးမှသာ ပုံမှန်အတိုင်း အစာအာဟာရများကို နေ့စဉ် မှီဝဲ စားသုံးရကြောင်း သိရသည်။

ဓာတ်ပုံ – မာလာဝင်း/ဖြိုးဝေလှိုင်(Arakan Bay News)

ArakanBayNews #AB_News #ဝါဖြေပွဲ #အိဒ်အလ်ဖိထရ် #ဘာသာရေးပွဲတော် #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ