
AB News – မတ် ၂၁ ၊ ၂၀၂၆
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကော်မရှင်၏ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပရာနေရာကို CDF တပ်က အသေခံဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ မတ်လ ၂၀ ရက်နေ့တွင် ပြည်နယ်လွှတ်တော်အတွက် အစည်အဝေးပြုလုပ်နေချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
ဟားခါး CDF တပ်က ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံရှေ့က စကမတပ်သား ၁၀ ဦးခန့် ရှိသည့်နေရာကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံရှေ့တွင် ရပ်ထားသည့် ကား ၁ စီးကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကာ လွှတ်တော်အဆောက်အအုံအနီးရှိ နေရာအချို့နှင့် လွှတ်တော်ခေါင်မိုးပေါ် လုံခြုံရေးယူထားသည့် စကမ တပ်သားကိုပါ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟားခါးမြို့၌ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို စစ်ကော်မရှင်တပ်က ကျင်းပနေစဉ် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။