သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲ၊ လေးတောင်မြို့ကို စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် ၂ ကြိမ် ဗုံးကြဲ

AB News- ဇွန် ၄၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို ယနေ့ ဇွန်လ ၄ ရက် ညနေပိုင်းတွင် စစ်ကော်မရှင်တပ်က အသေခံဒရုန်းများ အသုံးပြုကာ ၂ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

​ယနေ့ ညနေ ၃ နာရီ၊ ၁၆ မိနစ်နှင့် ၃ နာရီ၊  ၂၃ မိနစ်တို့တွင် လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်သို့ စစ်ကော်မရှင်တပ်၏ အသေခံဒရုန်း ၂ စီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

​”လေးတောင်မြို့ အမှတ် (၄) ရပ်ကွက်၊ စပါးတုံရပ်ထဲကို ဒရုန်း ၂ စီးနဲ့ နှစ်ကြိမ် လာချသွားတာ။ ညနေ ၃ နာရီခွဲဝန်းကျင်လောက်မှာပဲ” ဟု ၎င်းက ဆိုသည်။

​အဆိုပါ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် (၄) ရပ်ကွက် စပါးတုံရပ်မှ ဦးကျော်မင်းထွန်း ပိုင်ဆိုင်သည့် နွားတစ်ကောင် နေရာမှာပင် သေဆုံးသွားခဲ့ပြီး အခြားနွားတစ်ကောင်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

​ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

​လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ မြို့ရွာများကို လေကြောင်းမှတဆင့် ဆက်တိုက် ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

​ရက္ခိုင့်စစ်မျက်နှာတွင် အာရက္ခတပ်တော် (AA) ထံ စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပစ်မှတ်များ၊ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲမှုများ ကျူးလွန်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ