AB News – ဒီဇင်ဘာ ၁ ၊ ၂၀၂၄
TNLA က ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင့်သင့်ရှိကြောင်းကြေညာပြီး ၅ ရက်အကြာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးခဲ့ရပြီး ၊ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည် ဟု TNLA က ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်မှ ဒေသခံပြည်သူ ၁၀ ဦသေဆုံးခဲ့ရပြီး ၊ ၂၀ ကျော် ထိဒဏ်ရာရရှိခဲ့ကြောင့် ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် ၊ ညနေ ၆ နာရီခွဲ အချိန်တွင် ကျောက်မဲမြို့ ၊ အင်ကြင်းတောင်ရပ်ကွက်ကို အကြမ်းဖက်စစ်ကောက်စီက ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးရုံ ၊ ဆေးခန်းများတွင် အရေးပေါ် ဆေးဝါးကုသမှုများကို ခံယူနေပြီး ၊ သေဆုံးသွားသူများ၏ရုပ်အလောင်းများကိုလည်း လိုက်လံရှာဖွေရှင်းလင်းနေကြောင်းလည်း ဖော်ပြထားသည်။
PSLF / TNLA မှ ငြိမ်ချမ်းရေးဆွေးနွေးရန်အတွက် အဆင်သင့်ရှိကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ကြေညာပြီး ၅ ရက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ယခုလို အရပ်သားပြည်သူများနေထိုင်သည့် ကျောက်မဲမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
နောင်ချိုမြို့တွင်လည်း နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၊ ၃၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ၊ နေအိမ်အများအပြားပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။