သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၄၉ ဦး၊ ဒဏ်ရာရသူ ၅၈ ဦးအထိ ရှိလာ

AB News-စက်တင်ဘာ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူနေထူထပ်သည့် နေရာများကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်တို့တွင် စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားအနီးနှင့် အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၅၈ ဦးအနက် အနည်းဆုံး ၂၂ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး ဒဏ်ရာရသူများအနက် အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိနေသဖြင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ကြောင်းလည်း AA က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကော်မရှင်၏ လုပ်ရပ်သည် အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုဖြစ်ကြောင်း AA က ပြင်းထန်စွာ ကန့်ကွက်ထားသည်။

ထို့ပြင် စစ်ကော်မရှင်သည် လူနေထူထပ်သည့် ဈေးများ၊ စာသင်ကျောင်းများနှင့် အဆောက်အအုံများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အစုလိုက်အပြုံလိုက် သေဆုံးမှုများအတွက် တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများကို ထိရောက်စွာ လက်တုံ့ပြန်သွားမည်ဟု AA က ကြေညာထားသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်းတွင်ပင် မင်းပြားမြို့နယ်၊ သံတွဲမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ စစ်ကော်မရှင်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်အတွင်း သေဆုံးသူနှင့် ဒဏ်ရာရသူ စုစုပေါင်း ၂၂ ဦးရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo- AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ