သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“ရုပ်လုံးပေါ်လာတဲ့ အချောင်သမားတွေရဲ့ အကြံ”

Arakan Bay News/Analysis Article

မာမဃ – ရေးတယ်။

ပြည်ပနေ မူဆလင်အရေး လှုပ်ရှားသူတွေဟာ တနိုင်ငံလုံးအတွက် အန္တရာယ်ပေးမယ့် အကြံစည်ရှိနေတာကို ဩဂုတ် ၁၆ ရက်နေ့မှာ ဖော်ပြခဲ့တဲ့  ဧရာဝတီ သတင်းဌာန မြန်မာပိုင်း ‘ ရိုဟင်ဂျာအရေး ရေရှည်အကျိုးမျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ’ ဆိုတဲ့ ဆောင်းပါးမှာ တွေ့ပါတယ်။

အဲဒီဆောင်းပါးမှာ “မူဆလင်အရေး ဦးစားမပေးလို့ ဆိုပြီး အမေရိကန်က မြန်မာနိုင်ငံအပေါ် ကူညီမယ့် (non-lethal assistance) လက်နက် မဟုတ်တဲ့ အထောက်အပံ့တွေကို ဆိုင်းငံ့ထားဖို့ မူဆလင်အရေး လှုပ်ရှားသူတွေ က အမေရိကန် အစိုးရဆီမှာ တောင်းဆိုထားတယ်” လို့ဆိုပါတယ်။

အမေရိကန် အစိုးရဟာ ၂၀၂၂  လွှတ်တော် သဘောတူညီချက်အရ မြန်မာပြည်ဆိုင်ရာ ဥပဒေ (Burma Act) ကို ပြဌာန်းထားပါတယ်။  အဲဒီမှာ အမေရိကန်ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (NDAA) ရဲ့ အဓိကတော့ မြန်မာတိုင်း ရင်းသားအားလုံး ညီညွတ်ရေး၊ ရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် လက် နက်မဟုတ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးမယ့် ကိစ္စပါ။

ဆောင်းပါးရှင် ဂျိမ်းရွှေဟာ အမေရိကန်မှာ နေထိုင်သူဖြစ်ပြီး  ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦး လည်းဖြစ်  မြန်မာ့ နိုင်ငံရေးအကဲခတ်တဦးလည်းဖြစ်ပါတယ်။

ဒီသတင်းအရဆိုရင် မူဆလင်အရေးကို တိုက်ပွဲတွေကြားမှာ ရှုပ်သထက်ရှုပ်အောင် လုပ်နေပြီးတော့ နောက်ကွယ်က အကြံအစည်ကို ရိပ်မိလောက်မှာပါ။ ဒီအတိုင်းသာ ဆိုရင် မြန်မာတနိုင်ငံလုံး အာဏာရှင်‌ တော် လှန်ရေးအတွက် ဒီအုပ်စုတွေဟာ နွေဦးတော်လှန်ရေးအထိ သက်ရောက်စေပြီး အန္တရာယ်ကြီးပါတယ်။  

ဒီတော့ မူဆလင်အရေး လှုပ်ရှားသူတွေထဲမှာ ဘယ်သူတွေပါဝင်သလဲ။ ဒီအုပ်စုက ဘာတွေလုပ်နေသလဲ။ အားလုံး မြင်နေရမှာပါ။

အဓိက ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွေနဲ့ ချိတ်နိုင်ပါတယ်။ တိုက်ပွဲကြားထဲမှာ AA ဟာ မူဆလင်တွေကို အတင်းနေရာပြောင်းရွှေ့ခိုင်းတယ်တို့၊ အစုလိုက်အပြုံလိုက် သတ်တယ်တို့၊ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး တစိုက်မတ်မတ် စွပ်စွဲ ဝါဒဖြန့်ကြတာပါ။  နောက်ဆုံးအနေနဲ့ မောင်တောတိုက်ပွဲအကြား မူဆလင်တွေ အစုလိုက် အပြုံလိုက်သေဆုံးမှုတွေ အနောက်ပိုင်း သတင်းဌာနတွေကနေထွက်လာတာပါ။

နေ့ညမရွေး ပြင်းထန်လှတဲ့ တိုက်ပွဲတွေကြား မောင်တောမှာ  ဩဂုတ် ပထမအပတ်က တိုက်ပွဲကြားကနေ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးဖို့ ကြိုးစားတဲ့ မူဆလင်တွေကို AA က ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ကလေးငယ်နဲ့ အမျိုးသမီးအပါဝင် လူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ပြည်ပနေ မူဆလင်အရေး လှုပ်ရှားသူတွေက ရေးပါတယ်။ ဒါကို ကိုးကားပြီးတော့ နိုင်ငံတကာ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလို့ ဝေဖန်မှုဖြစ်ခဲ့တာပါ။ AA ကတော့ ဒီဖြစ်စဉ်ဟာ သူတို့နဲ့ ပတ်သက်မှု မရှိဘဲ ပြည်ပရောက် မူဆလင်အုပ်စုတွေက ချိန်ကိုက်ပြီး လုပ်ကြံ သတင်းမှား လွှင့်တာလို့  ဖြေရှင်းပါတယ်။

ဆိုတော့ တိုက်ပွဲကြားထဲကနေ လွတ်မြောက်ရာသို့ ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို AA ပစ်ခတ်တာ ဟုတ်ရဲ့ လား မေးခွန်း ရှိလာပြန်ပါတယ်။ AA ရဲ့ ရန်သူပစ်မှတ်ဟာ စစ်ကောင်စီအုပ်စုသာ ဖြစ်ပါတယ်။ ရခိုင်ဒေသနေ အရပ်သားမူဆလင်တွေကို AA အနေနဲ့ တိုက်ခိုက်နေစရာ ဘာအကြောင်းမှမရှိဆိုတာ AA နှင့်ဆက်ဆံဖူးတဲ့ မူဆလင်တိုင်း နားလည်ပြီးသား ဖြစ်ပါတယ်။

မောင်တောတိုက်ပွဲမှာ AA ရဲ့ ပစ်မှတ်က စစ်ကောင်စီအုပ်စုပါ။  ဒီအုပ်စုမှာတော့၊ စစ်ကောင်စီနဲ့ လူသစ်စု ဆောင်း ထားတဲ့ မူဆလင် ပြည်သူ့စစ်တွေ၊ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ပျူစောထီး ARSA၊ RSO၊ ARA တွေပါ ပဲဖြစ်ပါတယ်။ (ဒီမူဆလင်အုပ်စုတွေကို အားလုံးနားလည်အောင် ပျူစောထီးတွေလို့ ဆိုနိုင်ပါတယ်)။

တကယ်တော့ စစ်ကောင်စီဟာ လူမဆန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို  လေကြောင်းကနေ ဂျက် လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာဟာ တနိုင်ငံလုံးမှာ နေ့တိုင်းရှိနေပါတယ်။ ဗမာပြည်ဖက်မှာတောင် လက်ရဲ ဇက်ရဲနဲ့ ကျူးလွန်နေရင် စစ်ကောင်စီအနေနဲ့ မူဆလင်တွေကို ထည့်တွက်စဉ်းစားနေမှာ မဟုတ်ပါဘူး။  ကျူးလွန်ခဲ့တဲ့ ဂျီနိုဆိုက်အမှုက သက်သေပါ။

AA ကတော့ ရခိုင်နဲ့ မူဆလင်တွေ သဟဇာတကျရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို တစိုက်မတ်မတ် လုပ်လာတာကြာပါပြီ။ ဘူးသီးတောင်၊ မောင်တောမှာ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားတဲ့ မူဆလင်နဲ့ ပြည်သူတွေကို အမြောက်ဆံ လေယာဉ်ကြားကနေ ကယ်ထုတ်နေတာ လူပေါင်း သုံးသောင်း ကျော် ရှိနေပါပြီ။ မြေပြင်မှာ လည်း  စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ နိုင်သလောက် ကူညီပေးထားတာလည်း တွေ့ရပါတယ်။ နောက်ပြီး AA ထိန်းချုပ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစတဲ့မြို့နယ်တွေမှာလည်း မူဆလင်နဲ့ ရခိုင် သင့်မြတ်ရေးကို ဦးစားပေးလုပ်နေတာပါ။

ဒီတော့ ဆက်စပ်တွေးကြည့်ရင် မူဆလင်အရေး လှုပ်ရှားနေပါတယ်ဆိုတဲ့ ပြည်ပရောက် အုပ်စုတွေ၊ လူ့အခွင့်ရေး သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်ကျိုးစီးပွားအတွက် အာရက္ခဒေသနေ မူဆလင်တွေကို သားကောင်သဖွယ် ဖမ်းပြီးတော့ လုပ်စားနေတာ ပေါ်လွင်လှပါပြီ။

နောက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ကမ္ဘာ့စင်မြင့်ထက်မှာ ဖြေရှင်းနေရတဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းနေတဲ့ မူဆလင် ပျူစောထီး အုပ်စုတွေကလည်း ဒီအုပ်စုတွေနဲ့ အလိုတူအလိုပါတွေဖြစ်ပါတယ်။  ပျူစောထီး မူဆလင် အုပ်စုတွေကို စစ်ကောင်စီနဲ့ လုံးဝမပူးပေါင်းဖို့၊ ဒေသနေ မူဆလင်နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေကို အကြမ်းမဖက်ဖို့ မူဆလင်အရေး နာမည်ခံနဲ့ လူ့အခွင့်အရေး အုပ်စုတွေက ဒီကနေ့အထိ ထောက်ပြ ဝေဖန်တာ မတွေ့ ရပါဘူး။

ဒါကြောင့် တစ်နိုင်ငံလုံး မုန်းတီးနေတဲ့ စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ဖို့ လူ့အခွင့်ရေး အုပ်စုတွေက တကယ် စေတနာမှန်ရဲ့လား။ မသိကျိုးကျွံပြုနေတာဟာ သူတို့ရဲ့ အကြမ်းဖက်အားပေး ဝါဒီ၊ သရုပ်သဏ္ဍာန်သာ ဖြစ်မှာပါ။

မူဆလင်တွေကို နိုင်ငံသား ဖြစ်ခွင့်ပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ မက်လုံးအောက်မှာ ဩဇာရှိတဲ့ မူဆလင်လူကြီးတွေကလည်း လူငယ်တွေကို ထိုးကျွေးကြတယ်။ စစ်မှုထမ်း ဉပဒေ အတိမ်အနက်ကို  UN နဲ့ နိုင်ငံတကာက သိပေမယ့် စစ်ကောင်စီကို ထိထိရောက်တဲ့ ဖိအားပေးရမယ့် အစား နှုတ်ဆိတ်နေကြတယ်။ စစ်မြေပြင်မှာ မူဆလင်တွေ သေဆုံးမှ လူ့အခွင့်အရေးနဲ့ ထ အော်ကြတာပါ။

တိုက်ပွဲရဲ့ သဘောသဘာဝအရ လိုအပ်ရင် ဒေသခံတွေကို မြို့ရွာတွေကနေ ခဏရှောင်တိမ်းခိုင်းတာဟာ တနိုင်ငံ လုံးရှိ တော်လှန်ရေး အဖွဲ့အစည်းတွေလုပ်ကြပါတယ်။ စစ်ကောင်စီဆိုရင် ဒီထက်ပိုဆိုးပြီး ရွာတွေကို မီးရှို့လိုက် တာပါ။  ဒီခေတ် ဒီကာလမှာ မူဆလင် အုပ်စုတခုတည်း စစ်ဘေးဒဏ် ခံရတာ မဟုတ်ပါဘူး။ ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ချင်း၊ ထားဝယ်၊ ကိုးကန့်၊ ပလောင် စတဲ့ မျိုးနွယ်စုအားလုံးပါပဲ။

ပြည်သူတွေ အသက်ရှင်ရေးအတွက် လိုအပ်ချက်အရ “ ခဏထွက်ခွာပေးပါ။ ရှောင်နေပါ” လို့ ပြောတာကို မူဆလင်တက်ကြွလှုပ်ရှားသူ အုပ်စုတွေက လူ့အခွင့်ရေးပေတံနဲ့ ငိုပြတာ အားလုံးအသိပါ။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲတွေမှာ  မြင်နိုင်ပါတယ်။ တခါ စစ်မြေပြင်မှာ မူဆလင် စစ်သားတွေ သေဆုံးတော့ မူဆလင်အခွင့်အရေး သမားတွေက AA ကို လူမိုက်ဇာတ်ရုပ် အဖြစ်ပုံဖော်ကြတာပါ။ ဆိုတော့ စစ်ကောင်စီတပ်ထဲကနေ လက်နက်ကိုင်ပြီး စစ်မြေပြင်ထဲရောက်လာရင် AA ကတော့ ချေမှုန်းမှာပါ။ ဘယ်သူ ဘယ်ဝါ လူမျိုးဘာသာ မခွဲခြားပါဘူး။

နောက်ပြီးတော့ စစ်ကောင်စီဘက်တော်သား ARSA၊ RSO၊ ARA စတဲ့ အကြမ်းဖက်အဖွဲ့တွေကိုလည်း  ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စခန်းဆီက လူငယ်တွေကို စစ်ကောင်စီထံ စစ်သားရောင်းမစားဖို့ ထိရောက် တဲ့ ဖိအားပေးမှုတွေ၊ နွေဦးတော်လှန်ရေးနဲ့ မင်းအောင်လှိုင် အာဏာရှင် ကျရှုံးရေးမှာ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဘယ်နိုင်ငံတကာအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့၊ ပြည်ပနေ မူဆလင်အရေး လှုပ်ရှားသူတွေကမှ ထုတ်ပြောတာ မတွေ့ရပါဘူး။

တစ်နည်းပြောရရင် မူဆလင်အရေး၊ အမုန်းတရား ပြန့်ပွားရေဟာ စီးပွားရေး ဘဏ်တိုက်ကြီးတစ်ခုနှယ် လူ့အခွင့်အရေးသမားတွေနဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေက ဒေါ်လာတွေ ထုတ်ယူစားသုံးလို့ရနေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူတို့တွေကို “ကြောင်သူတော်မိတ်ဆွေတွေ” လို့ ခေါ်ဖူးပါတယ်။ “ကျိုးကြောင်း ဆီလျော်တဲ့ အမှန်တရားထက် အလှူရှင်အကြိုက် မျက်နှာပြောင်တိုက်ကြတာကြောင့် ထိုက်တန်တဲ့ နိုင်ငံရေး အနာဂတ်မှာ နေပျော်စေအောင် ဆုတောင်းပါတယ်”  လို့ ပြောဆိုခဲ့တာ မှတ်မိကြမှာပါ။

ဒါ့အပြင် မူဆလင်အရေး တက်ကြွလှုပ်ရှားတွေ၊ ကုလသမဂ္ဂအဖွဲ့တွေနဲ့  NGO ၊ လူ့အခွင့်ရေး အဖွဲ့တွေကလည်း စစ်ကောင်စီက နိုင်ငံကိုပတ်ပြီး လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ရခိုင်ပြည် မင်းပြားမြို့နယ် သာဒါမူဆလင်ရွာ စစ်တွေ ဗျိုဖြူရွာ၊ သံတွဲ ဆင်ခေါင်း၊  စတဲ့  အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ နဲ့ ပတ်သက်လို့ ထုတ်မပြောတာ သတိထားစရာပါ။

ဒီတော့ စစ်အာဏာရှင် လွတ်မြောက်ရေးတော်လှန်ရေးမှာ ဘယ်သူက မိတ်တွေ၊ ဘယ်အဖွဲ့က ရန်သူဆိုတာကို မူ ဆလင်လူ့အခွင့်အရေး အုပ်စုတွေ ရွေးချယ်သင့်ပါပြီ။  AA ရဲ့ လုပ်ရပ်ကို တိုက်ခိုက်နေတာတခုတည်းမဟုတ်ဘဲ အာရက္ခပြည် အနာဂတ်မှာ ယှဉ်တွဲနေထိုင်ရမယ့် မူဆလင်မျိုးဆက်တွေအတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သဟာဇာတကျတဲ့ အာရက္ခ လူမှုအသိုက်အဝန်းမှာ ဘယ်နေရာက ကူညီရမလဲ ဆိုတာကို မလိုလားဘဲ အဆိုးမြင် ဝါဒီတွေနဲ့ပြည်ပကနေ နှစ်ဘက်အသိုင်းဝိုင်းကြား အမုန်းတရား ပိုမိုပွားအောင် လှုံဆော်နေမှာလား။ ဆိုတော့ စစ်ကောင်စီက နေပြည်တော်ကနေ လက်ခုတ်တီးနေရုံပါ။ ဒီတော်လှန်ရေးဟာ ဓမ္မနဲ့ အဓမ္မ ကြားမှာ သွားနေ တာပါ။ ဘုံရန်သူ တိကျပြတ်သားစွာရှိနေပါတယ်။

AA ရဲ့ တော်လှန်ရေး လမ်းစဉ်က ပြတ်သားပါတယ်။ ‘မင်း မပါရင်လည်းဖြစ်တယ်။ ပါရင်ပိုကောင်းတယ်’။ ‘ရန်သူ နည်းပြီး မိတ်ဆွေများဖို့လိုတယ်’။ ‘ဒီလမ်းမှာ ဘက်တူရင် မိတ်ဆွေပဲ ဘက်မတူရင်တော့ အေးဆဲနေ’ ။ ‘ ဓမ္မ ဘက်မှာ နေမလား အဓမ္မဘက်မှာ နေမလား ’ ကိုယ့်ရဲ့ ရွေးချယ်မှုဆိုတဲ့ သီအိုရီတွေ AA ပေးပါတယ်။

ဒီအရေးကို ခြုံငုံကြည့်ရင် မူဆလင်အရေးလှုပ်ရှားသူတွေလို့ နည်မည်ယူနေတဲ့ အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ARSA အုပ်စုတွေနဲ့ ဘက်တူဖြစ်နေပြီးတော့ မြန်မာတနိုင်ငံလုံး လွတ်မြောက်ရေးမှာ ခြိမ်းခြောက်မှုတွေရှိလာနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီထက်အရေးကြီးတာက တနိုင်ငံလုံးကိုတော်လှန်ရေး အထောက်အပံ့ကို ဟန့်တားဖို့အတွက် ကြိုးစားနေတဲ့ အဖျက်အမှောင့် အုပ်စုတွေရဲ့ ခြေလှမ်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ပြောသင့်ရင်ပြော၊ တားသင့်ရင် တားရပါလိမ့်မယ်။

အနှစ်ချုပ်နေနဲ့ကတော့ မူဆလင်အရေး ဦးစားမပေးလို့ ဆိုပြီး မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် လက်အောက် ကျ ရောက်မယ့် အကြံအစည်။ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတိုက်ပွဲကို နှောင့်နှေးအောင် လုပ်နေတဲ့ ပြည် ပကနေ မူဆလင်အရေးလှုပ်ရှားသူတွေရဲ့ အကြံအစည်ဟာ မဟာအန္တရာယ် စက်ကွင်းထဲကို ရောက်နေတယ် လို့ သုံးသပ်လိုက်ရကြောင်းပါ ခင်ဗျား…။

ဆောင်းပါရှင်မာမဃသည် စစ်ရေး၊ နိုင်ငံရေးဆောင်းပါတွေကို ဆယ်စုနှစ်တစ်ခုကြာ လေ့လာ သုံးသပ်ရေးသားနေသူ တစ်ဦးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။