သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင်း တိုက်ပွဲ ဆက်လက်ရှိနေဆဲ

AB News-မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်ပြည် ရမ်းဗြဲမြို့တွင်း ရက္ခိုင့်တပ်တော်နှင့် နယ်ချဲ့ဖက်ဆစ် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း မတ်လ ၇ ရက်နေ့က ရက္ခိုင့်တပ်တော် ထုတ်ပြန်သည်။

“ရမ်းဗြဲမြို့ တိုက်ပွဲများအတွင်း ရန်သူ၏ မြို့တွင်းလက်ကျန်အင်အားနှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိသည်။ ထို့အတူ ကစဉ့်ကလျား ထွက်ပြေးနေကြသည့်ရန်သူများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်” ဟုဆိုသည်။

ရမ်းဗြဲမြို့တွင်း တိုက်ပွဲမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ရ စတင်ခဲ့ခြင်းဖြစ်ကာ ပေါက်တောမြို့ကဲ့သို့ ရမ်းဗြဲမြို့မှာလည်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် အရပ်သားနေ ရပ်ကွက်၊ အိုးအိမ် တိုက်တာများ အားလုံးနီးပါး ပျက်စီးသွားခဲ့ရပြီးဖြစ်သည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက် ဖျက်ဆီးခဲ့သည့်အပြင် လေကြောင်း အများဆုံးသုံး တိုက်ခိုက်ခဲ့သည့်နေရာလည်း ဖြစ်သည်ကိုတွေ့ရသည်။

Video-ရမ်းဗြဲမြို့တွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့်အခြေအနေ/ABN

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ