Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောနယ်စပ်တွင် ဒေသခံ ၂ဦးကို ARSA အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

AB News – မတ်လ ၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဒေသခံ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ဦးကို ARSA အကြမ်းဖက်အဖွဲ့က ယနေ့ မတ်လ ၇ရက်နေ့ ညနေ ၄နာရီကျော်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

တောင်ပြိုလက်ဝဲမြို့မှ ကိုမောင်ဘု ၂၈နှစ်နှင့် နံသာတောင်ကျေးရွာမှ ​မသူဇာ ၃၀နှစ်တို့ ၂ဦးသည် ဇီးပင်ချောင်းဖက်မှ တောင်ပြိုမြို့သို့ ဈေးကုန်ပစ္စည်းများတင်လာသည့်ကားဖြင့် ပြန်လာရာ သဲချောင်းလမ်းတွင် ARSA အဖွဲ့က  ဖမ်းဆီး ပစ်သတ် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားသည့် ဒေသမှာ ARSA အဖွဲ့ လှုပ်ရှားသွားလာသည့် နယ်မြေဖြစ်ပြီး ဒေသခံများမှာ မကြာခဏ ဖမ်းဆီးခံရခြင်း၊ ဓားပြတိုက်ခံရခြင်းများရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“အဲ့ဒီနားမှာ အရင်ကလည်း ARSA တွင် အခြေချနေခဲ့တယ်။ARSA အဖွဲ့ဟာ အမြဲတမ်း သွားလာလေ့ ရှိတယ်။ အမှုဖြစ်တဲ့ နေရာအနီးမှာတော့ တောထူထပ်တယ်။ သေဆုံးမှုဟာ ARSA အဖွဲ့ရဲ့ လက်ချက်ပဲဖြစ်ပါတယ်။ တခြားဘာအဖွဲ့မှလည်း ဒီအနားမှာမရှိပါဘူး” ဟု ဆိုသည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးမှာ သေနတ်ကျည်ဒဏ်ရာများ၊ အမျိုးသားဖြစ်သူ၏ အလောင်းတွင် ဓားဖြင့် ခုတ်သတ်သည်ဟု ယူဆရသော ဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်၊ မွန်းလွှဲ ၁၂ နာရီခွဲအချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဓားပိုင်ဆရာကျေးရွာမှ အမျိုးသား ၁ဦးကို  ARSA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ