သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ ချိတ်ပိတ်ခံ နေအိမ်များအား ပြန်လည်စိစစ်၍ ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်

AB News – မတ် ၂၉၊ ၂၀၂၆

ရက္ခိုင်ဒေသအတွင်း မြို့သိမ်းတိုက်ပွဲများအပြီး အုပ်ချုပ်ရေးယန္တရား အကူးအပြောင်းကာလတွင် အခြေအနေအမျိုးမျိုးကြောင့် ယာယီချိတ်ပိတ် ထိန်းသိမ်းခံခဲ့ရသည့် နေအိမ်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စနစ်တကျ ပြန်လည်စိစစ်ကာ မူလပိုင်ရှင်များလက်သို့ လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း သိရသည်။

​တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း တော်လှန်ရေးအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်မှုရှိသည်ဟု သံသယရှိသူများ၏ နေအိမ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ယာယီချိတ်ပိတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

​လက်ရှိတွင် အဆိုပါနေအိမ်ပိုင်ရှင်များအနက် အမှန်တကယ် ဆက်နွယ်မှုမရှိဘဲ အပြစ်ကင်းစင်ကြောင်း အထောက်အထားခိုင်လုံသူများက အစိုးရထံသို့ “အသနားခံစာ” တင်ပြလာမှုအပေါ် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဌာန (DLEPS) မှ စနစ်တကျ စိစစ်ကာ နေအိမ်များကို ပြန်လည်လွှဲအပ်ပေးနေပြီ ဖြစ်သည်။

​ချိတ်ပိတ်ခံထားရသည့် အိမ်ပိုင်ရှင်များထံမှ အသနားခံစာ တင်လာမှုများကို စနစ်တကျ စိစစ်လျက်ရှိပြီး အပြစ်ကင်းစင်ကြောင်း တွေ့ရှိရပါက ချိတ်ပိတ်ထားသည်များကို ပြန်ဖွင့်ပေးကာ မူလပိုင်ရှင်လက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးနေပြီဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က အတည်ပြုပြောဆိုထားသည်။

​ထို့ပြင် နေအိမ်များ ချိတ်ပိတ်ခံထားရသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်နေရခြင်း သို့မဟုတ် ကျန်းမာရေး ကိစ္စရပ်များကြောင့် အခြားဒေသများသို့ ရောက်ရှိနေသူများအနေဖြင့်လည်း ခိုင်လုံသော အထောက်အထား အချက်အလက် အပြည့်အစုံဖြင့် အစိုးရထံသို့ ပိုင်ဆိုင်မှု ပြန်လည်ရရှိရေးအတွက် တရားဝင်လျှောက်ထားနိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။

AB_News #APRG #DLEPS #LegalProcess #RakhineState #Arakan #PropertyRights #RuleOfLaw #PublicSafety #AdministrativeTransition #RestorationOfProperty

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ