
AB News – သြဂုတ် ၂၄၊ ၂၀၂၆
ရက္ခိုင်ပြည် ၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး ၂ ရက်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။
၂ ရက်ကြာ ပျောက်ဆုံးနေသည့် ကလေးငယ်မှာ ဦးဇော်ဝင်းဌေး (ခေါ်) ဂျပန်ကြီး ၏ သားဖြစ်သူ မောင်နေဝင်းဌေး (၄)နှစ် ဖြစ်ကြောင်း သိရသည်။
မောင်နေဝင်းဌေး မှာ သြဂုတ်လ၊ ၂၂ ရက်နေ့မှ စ၍ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မောင်နေဝင်းဌေး ၏ မိခင် ဒေါ်တင်တင်ဌေး က ဆိုသည်။
“ကျမတို့ ဟင်းခူး သွားတဲ့ အချိန်ဆို ကလေးကို အိမ်မှာ တစ်ယောက်တည်း ထားလေ့ ရှိပါတယ်။ အဲဒီနေ့က ကျမတို့ ပြန်လာတော့ ကလေးကို မတွေ့တော့ဘူး။ အခုဆို ကျမတို့ ကလေး ပျောက်နေတာ ၂ ရက် ရှိပါပြီ။ ဒီနေ့လည်း ရှာမတွေ့သေးပါဘူး။ ကလေး ပျောက်နေတာနဲ့ ပတ်သက်ပြီး ကျမတို့ စိုးရိမ်နေကြပါတယ်” ဟု ဒေါ်တင်တင်ဌေး က ဆိုသည်။
မောင်နေဝင်းဌေး မှာ ၂ ရက်ကြာ ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ ရှာမတွေးသေး၍ စိုးရိမ်နေကြကြောင်း မိသားစုဝင်များက ဆိုကြသည်။