သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီတိုင်းရှိ စစ်ကော်မရှင် စခန်းကုန်း ၃ ခုကို အာရက္ခတပ်တော် သိမ်းပိုက်


AB News – ဇွန် ၂၇၊ ၂၀၂၆

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကော်မရှင်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်(AA) ယနေ့ ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပွိုင့် (၂၈၈) ကုန်းအား သိမ်းပိုက်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့တွင် ပွိုင့် (၁၈၈) ကုန်းနှင့် ဇွန်လ ၂၁ ရက်နေ့တွင် ပွိုင့် (၁၄၈) ကုန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
အဆိုပါ သိမ်းပိုက်ရရှိသော ပွိုင့်သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
ဓာတ်ပုံ – AA Info Desk
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ