သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခအမျိုးသားပညာရေးဌာနက BA/BSc ဘွဲ့များအတွက် ဒုတိယနှစ် သင်တန်းသားများ လျှောက်လွှာခေါ်ယူ

AB News – စက်တင်ဘာ ၁၈၊ ၂၀၂၆

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာန၊ အဆင့်မြင့်ပညာရုံးက BA/BSc ဘွဲ့များအတွက် ဒုတိယနှစ် သင်တန်းသားများကို စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ လျှောက်လွှာများ စတင်ခေါ်ယူနေကြောင်း သိရသည်။

အာရက္ခအမျိုးသားတက္ကသိုလ်မှ ဒုတိယနှစ်သင်တန်းများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စုစုပေါင်း ၃ နှစ် တက်ရောက် ပညာသင်ယူရမည် ဖြစ်သည်။

ယင်းဒုတိယနှစ် သင်တန်းတွင် ဝိဇ္ဇာအထူးပြု ဘာသာရပ်များနှင့် သိပ္ပံအထူးပြု ဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်သည်။

အဆိုပါ သင်တန်းသို့ လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်၊ တက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ အထူးပြုဘာသာရပ်ဖြင့် ပထမနှစ် အောင်မြင်ထားသူ ဖြစ်ရမည်၊ ရက္ခိုင်ပြည်အတွင်း အမှန်တကယ် နေထိုင်သူ ဖြစ်ရမည်။

သင်တန်းများအတွက် သတ်မှတ် အရည်အချင်းများနှင့် လျှောက်ထားရန် လိုအပ်ချက်များကို နီးစပ်ရာ ခရိုင်နှင့် မြို့နယ် ပညာရေးဌာနများတွင် စုံစမ်းမေးမြန်းနိုင်ပြီး လျှောက်လွှာ တင်သွင်းရန် နောက်ဆုံးရက်မှာ အောက်တိုဘာ ၃၀ ရက် ဖြစ်သည်။

ULA/AA ထိန်းချုပ်ထားသည့် အာရက္ခဒေသအတွင်း အုပ်ချုပ်ရေးနှင့် အစိုးရယန္တရားများ ပုံမှန်လည်ပတ်နေပြီး ပညာရေး ကဏ္ဍ အပါအဝင် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ