
AB News – သြဂုတ် ၁၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ ခမောင်းတောကျေးရွာရှိ ဦးမောင်ထွန်းသိန်း၏တာတွင် မြစ်ရေနှင့်အတူမျော ပါလာသော အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ရုပ်အလောင်းကို ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ ည ၆ နာရီခွဲ အချိန်တွင်ဦးမောင်ထွန်းသိန်း၏တာ၌တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ထိုအလောင်းကို အဆိုပါတာတွင် အငှားလုပ်ကိုင်နေသူ ခမောင်းတောကျေးရွာနေ ဦးသန်းဝင်းနိုင် ကတွေ့ရှိခဲ့ပြီး တာပိုင်ရှင်ထံအကြောင်းကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ဆက်လက် သတင်းပို့ခဲ့ကြောင်းသိရသည်။
သေဆုံးသူအမျိုးသား၏လည်ပင်း၌ ဓားခုတ်ဒဏ်ရာတွေ့ရှိရသဖြင့် သေဆုံးရသည်အကြောင်း အရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာ DELPS ဌာနက ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဒေသခံများ၏ပြောကြားချက်အရ အချင်းချင်းစကားများရန်ဖြစ်ရာကနေ လည်ပင်းကိုဓာတ်ဖြင့်ခုတ်သတ်ခဲ့မိသည့်အတွက် ရေထဲသို့မျောချကာ အလောင်းဖျောက်ရန် ကြံစေခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။