သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ​မြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရမှု ဒဏ်ရာရသူများကို ULA ငွေကျပ် ၁၁၅ သိန်း ထောက်ပံ့

AB News – ဩဂုတ် ၁၉

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဩဂုတ်လ ၁၇ ရက်​နေ့တွင် ငွေကျပ် ၁၁၅ သိန်း သွားရောက်ထောက်ပံ့ခဲ့သည်။

အဆိုပါ ထောက်ပံ့မှုကို ULA ပါတီ၊ အုပ်ချုပ်ရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများအနက် (အငယ်စား) ဒဏ်ရာရရှိသူ ၁၇ ဦးအား တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ၈၅ သိန်း၊ အလတ်စားဒဏ်ရာရသူ ၃ ဦးအား တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် သိန်း ၃၀၊ စုစုပေါင်း ၂၀ ဦးအတွက် ငွေကျပ် ၁၁၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် နေအိမ် ပျက်စီးသွားသူများကိုလည်း ULA မှ ဆက်လက်ထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက ကျောက်ကြီးကျေးရွာကို စစ်ကော်မရှင်တပ်မှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ၁၆ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂၁ လုံး ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ