သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေပြန်ကျသွားသည့် မြောက်ဦးခရိုင်အတွင်း မြို့သန့်ရှင်းရေးလုပ်ငန်းများကို ULA/AA ပြုလုပ်

AB News – ဇူလိုင် ၁၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးအဆက်အပြတ်ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ရေကျပြီးနောက် အမှိုက်များနှင့် ရွှံ့နွံများတင်ကျန်ရစ်နေခဲ့သည့်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ဦးဆောင်ကာ သန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ကာ မြောက်ဦးခရိုင်အတွင်း ညစ်ပတ်၍ကျန်ရစ်ခဲ့သော အများပြည်သူဆိုင်ရာလမ်းများ၊ အဆောက်အအုံများနှင့် ဈေးနေရာများကို သန့်ရှင်းရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ဦးဆောင်ကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ပြည်သူလူထုများကို ပူးပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရေပြန်ကျသွားပြီးနောက် မြို့သန့်ရှင်းရေးလုပ်ငန်းများကို မြောက်ဦးခရိုင်အပြင် တခြားသော ခရိုင်များတွင်လည်း ULA/AA မှ ဦးဆောင်ကာ ပြုလုပ်လျှက်ရှိနေသည်။

ရက္ခိုင်က မြိုနယ် ၈ မြိုနယ်တွင် ရေကြီးမှုဒဏ်ကိုခံခဲ့ကြရပြီး အဆိုပါ မြိုနယ်များမှ ရေဘေးသင့်ပြည်သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာအသီးသီးနှင့် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲများက အရေးပေါ်ကူညီဆောင်ရွက်မှုများကို ပြုလုပ်လျှက်ရှိနေသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ