သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများကို ULA/AA က သောက်သုံးရေ ထောက်ပံ့ပေး



AB News – ဇူလိုင် ၁၄၊ ၂၀၂၆
 
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ဖုံသာချောင်းဒေသအတွင်း ရေနစ်မြုပ်ခဲသည့် ကျေးရွာများကို ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) မှ သောက်သုံးရေ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
 
ဖုံသာချောင်းဒေသမှ ကျေးရွာအချို့တွင် ရေကန်များ ရေနစ်ခဲ့ပြီး သောက်သုံးရေများမှာ မသန့်ရှင်းဖြစ်နေ၍ ULA/AA မှ သောက်သုံးရေ ထောက်ပံ့လာခြင်းအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ဖုံသာချောင်းဒေသခံတစ်ဦးက AB News သို့‌ ပြောသည်။
 
“ကျနော်တို့ ဖုံသာချောင်းဒေသမှာ သောက်သုံးရေကန်တွေ ရေနစ်မြုပ်ခဲ့တာ ရှိပါတယ်။ ဒါကြောင့် သောက်သုံးရေ သန့်ရှင်းမှု မရှိဖြစ်နေပါတယ်။ အဲဒီရေတွေကို သောက်သုံးရင်လည်း ဝမ်းရောဂါတွေ ရနိုင်ပါတယ်။ မနေ့ကတော့ ULA/AA က သောက်သုံးရေတွေ ထောက်ပံ့လာတယ်။ အခုလိုမျိုး သောက်သုံးရေတွေ ထောက်ပံ့လို့ အထူးကျေးဇူးတင်ရှိပါတယ်” ဟု ဆိုသည်။
 

 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ