သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် မီးဖိုချောင် မီးအကြွင်းအကျန်ကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီး

AB News- စက်တင်ဘာ ၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မြင်းကန်းချောင်းကျေးရွာတွင် မီးဖိုချောင်က မီးအကြွင်းအကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး‌သွားကြောင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်၊ မွန်းလွဲ ၁၁ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်ပျက်စီးသွားသည့်အိမ်မှာ မြင်းကန်းချောင်းကျေးရွာနေ ဦးမောင်ထွန်းလင်း ၏ နေအိမ်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဦးမောင်ထွန်းလင်း၏ နေအိမ် မီးလောင်မှုဖြစ်စဥ်မှာ မီးဖို‌ချောင်မှ မီးအကြွင်းအကျန်များကို သေချာမငြိမ်းသတ်မိသဖြင့် မတော်တဆစတင်လောင်ကျွမ်းခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

ထိုမီးလောင်နေသည့် အိမ်ကို အနီးအနားရှိ ရွာသားများ မီးငြိမ်းသတ်ခဲ့‌‌သော်လည်း မီးအရှိန်ပြင်းသောကြောင့် မငြိမ်းသတ်နိုင်ဘဲ တစ်အိမ်လုံးပြာကျသည်အထိ လောင်ကျွမ်းခဲ့ ကြောင်းသိရသည်။

” မီးစလောင်တာတော့ မီးဖိုချောင်ကနေ စလောင်တာ။ သူတို့က အလုပ်နဲ့ အပြင်သွားတာထင်တယ် အိမ်မှာဘယ်သူ့မှမရှိဘူး။ ကျနော်တို့လည်း မီးလောင်တာမြင်တာနဲ့ မီးငြိမ်းဖို့ကြိုးစာတာဘဲ၊ ဝါးအိမ်ဆိုတော့ မီးစွဲမြန်တယ်‌‌ လေ။ အပြင်ကနေ မီးငြိမ်းဖို့ကြိုးစားရတာဆိုတော့ အိမ်ထဲမှာရှိတဲ့ဟာတွေလေး အကုန်လုံးမီးထဲပါသွားတယ်။ ” ဟု ဒေသခံတစ်ဦးက AB News ကိုပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ကျပ်ငွေ ၅ သိန်း ၊ ပေါ်ဆန်းမွှေး စပါး ၃၅ တောင်း ၊ ဆန်အိတ် ၁၀ အိတ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ