သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က မြို့ ၃ မြို့ကို စစ်ကော်မရှင် ဗုံးကြဲ

AB News – ဧပြီ ၂၉၊ ၂၀၂၆

ရက္ခိုင်က မြို့ ၃ မြို့ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာများဖြင့် ဆက်တိုက်ဗုံးကြဲနေကြောင်း ကနဦးသိရသည်။

ယနေ့ ဧပြီလ ၂၉ ရက်နေ့၊ ညနေ ၃ နာရီ၊ ၁၅ မိနစ်ခန့်အချိန်တွင် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အခြေအနေတွေကတော့ အခု ဗုံးခိုကျင်းထဲမှာ ရောက်နေပါတယ်။ ရသေ့တောင်၊ မိုးစဲကမ်းဘက်နဲ့ စစ်တွေမြို့နယ်၊ ဝါဘိုရွာဘက်ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲသွားပါတယ်။ ခုထိလည်း ဂျက်ဖိုက်တာတွေ ဝဲနေတုန်းပါပဲ ” ဟု ဒေသခံတစ်ဦးက Arakan Bay News သို့ ပြောသည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကိုလည်း စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် လာရောက်၍ ဗုံကြဲချခဲ့ကြောင်း ဒေသခံများကဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သတ်ပြီး အသေးစိတ်အချက်အလက်များကို Arakan Bay News သတင်းဌာနမှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ