သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့ ရာစုသစ်ဘော်ဒါဆောင် အမှုတွင် ကျူးလွန်သူ မောင်ရဲဝင်းအောင်မှာ အစာအိမ်ရောဂါအခံကြောင့် ဆေးကုသမှုခံယူရခြင်းဖြစ်ကြောင်း သိရ


AB News – ဇွန် ၂၄၊ ၂၀၂၆

မင်းပြားမြို့ရှိ ရာစုသစ်ဘော်ဒါဆောင်မှ ကျောင်းသားတစ်ဦး မီးလောင်သေဆုံးမှု ဖြစ်စဥ်တွင် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားသူ မောင်ရဲဝင်းအောင် ဆေးကုသမှုခံယူရခြင်းမှာ နှိပ်စက်ခံရခြင်းကြောင့်မဟုတ်ဘဲ အစာအိမ်ရောဂါအခံကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပြစ်မှုကျူးလွန်ကြောင်း ကိုယ်တိုင်ဝန်ခံထားသူ မောင်ရဲဝင်းအောင် မှာ အစာအိမ်ရောဂါကြောင့် ဇွန်လ ၂၀ ရက်နေ့၊ ညပိုင်းအချိန်တွင် ဆေးကုသမှုခံယူပြီး ဇွန်လ ၂၂ ရက်နေ့တွင် ကျန်းမားရေးကောင်းမွန်စွာဖြင့် ၎င်း၏ ယခင်နေရာသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ဤအဖြစ်အပျက်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် မောင်ရဲဝင်းအောင် ဆေးကုသမှု ခံယူရခြင်းမှာ ဒီလပ်ဌာနက ထိန်းသိမ်းထားစဥ်အတွင်း အရက်စက်ဆုံး နည်းလမ်းများဖြင့် နှိပ်စက်စစ်ဆေးခဲ့၍ ဒဏ်ရာပြင်းထန်ကာ ဆေးရုံတင်ရခြင်းဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်ကြောင်း နှိပ်စက်၍ အတင်းဝန်ခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းအမှားများ ဖြန့်ဝေဖော်ပြခဲ့ကြသည်ကို တွေ့ရှိရသည်။

လက်ရှိတွင် ၎င်းအား ဖမ်းဆီးထိန်းသိမ်းကာ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်၌ ကောလာဟလ သတင်းမှားများ ပျံ့နှံ့နေသော်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ ပုံမှန်အတိုင်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မောင်ရဲဝင်းအောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ရာစုသစ်ဘော်ဒါဆောင်တွင် ဖြစ်ပွားခဲ့သည့် G-12 ကျောင်းသား မောင်ငြိမ်းထက်ကျော် မီးလောင်သေဆုံးမှုဖြစ်စဥ်၌ ပြစ်မှုကျူးလွန်မိကြောင်း ဝန်ခံထားသူ ဖြစ်သည်။

ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ