AB News – မေ ၁၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာမှ သုံးမွှာပူး ကလေးမွေးသည့် မိသားစုအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သုံးမွှာပူးကလေးများကို ကမ်းနီကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဦးမောင်ယေချေနှင့် အသက် ၃၀ နှစ်အရွယ် ဒေါ်အေးအေးငြိမ်းတို့မှ မေလ ၈ ရက်နေ့က မွေးဖွှားခဲ့ခြင်းဖြစ်သည်။
မေလ ၈ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ယောက်ျားလေးတစ်ဦးမွေးဖွားခဲ့ပြီး ည ၁၀ နာရီ ၃၅ မိနစ်တွင် ယောက်ျားလေးတစ်ဦးကို ထပ်မွေးကာ ၂ မိနစ်ကြားအကွာတွင် နောက်ထပ် မိန်းကလေးငယ်တစ်ဦးကို ထပ်မံမွေးဖွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိပြီး အဆိုပါမိသားစုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှလည်း ငွေကျပ် ၁၀ သိန်းထောက်ပံ့ပေးခဲ့သည်။
ဓာတ်ပုံ – APM

