သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပထမအကြိမ် အာရက္ခလောင်ပေါ် ကျပ်သိန်း ၅၀၀ ဆုကြီးကို ကံထူးသွားတဲ့ ဒေါ်မသန်းရီ

ရက္ခိုင်မှာ အခုနှစ် ဇွန်လ ပထမအပတ်က စတင်ရောင်းချခဲ့တဲ့ ပထမအကြိမ် အာရက္ခလောင်ပေါ် (ရက္ခိုင်ထီ) ကျပ်သိန်း ၅၀၀ ဆုကြီးကို လောင်ပေါ် ပေါက်မဲနံပါတ် 323692 နဲ့ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်က ဒေါ်မသန်းရီ ကံထူးသွားပါတယ်။

“ခုလိုမျိုး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပထမဆုံးအကြိမ်ဖွင့်တဲ့ အာရက္ခလောင်ပေါ် ပေါက်လို့ အရမ်းပျော်ပါတယ်။ တစ်ခါမှလည်း အခုလို မပေါက်ဖူးပါဘူး။ အာရက္ခထီပေါက်တာကို အစက မသိဘူး။ ကျမတို့ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက သိန်း ၅၀၀ ပေါက်ဂဏန်းကို လက်ဖဝါးမှာ ရေးပြီး လာပြတယ်။ အဲဒါနဲ့ တိုက်ကြည့်မှ ပေါက်မှန်းသိတာပါ။ အဲဒီဆုငွေနဲ့ အလှူလုပ်ပြီး ကျမတို့လည်း လုပ်ကိုင်စားသောက်ကြမယ်လို့ တွေးထားတယ်” လို့ ဒေါ်မသန်းရီက ဆိုပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ