သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် ရေတွင်းထဲ၌ သေဆုံးလျက်တွေ့ရှိ

AB News – ဇွန် ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ချင်းကွင်းကျေးရွာတွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ဓားဒဏ်ရာများဖြင့် ရေတွင်းတစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးခဲ့သူမှာ ချင်းကွင်းကျေးရွာမှ အဖ ဦးဖိုးချမ်းဦးနှင့် မိခင် ဒေါ်အေးလှတို့၏ သမီး အသက် ၆၈ နှစ်အရွယ် ဒေါ်မချစ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ချင်းကွင်းရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ကွမ်းခြံသို့ အလုပ်လုပ်ရန်အတွက် နေအိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် နေ့လည် ၂ နာရီအချိန်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြရာ ကွမ်းခြံအနီးရှိ ရေတွင်းတစ်ခုအတွင်း၌ ဦးခေါင်းနှင့် နားနှစ်ဖက်စလုံးတွင် ဓားဖြင့် လှီးဖြတ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား  သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

(ဓာတ်ပုံ – ပေးပို့)  

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ