သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များကို စစ်မှုထမ်း မခေါ်ယူသည့် မူဝါဒအတိုင်း မိမိစိတ်သဘောဖြင့် တပ်ထဲဝင်လာသော ၁၃ နှစ်အရွယ်လူငယ်တစ်ဦးကို မိဘထံပြန်လည်အပ်နှံ

AB News- စက်တင်ဘာ ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် အသက်မပြည့်သေးဘဲ မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် အာရက္ခတပ်တော်ထံဝင်ရောက်လာသည့် အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသားလူငယ် ၁ ဦးကို ယနေ့ စက်တင်ဘာ ၁ ရက်နေ့တွင် မိဘထံ ပြန်လည်အပ်နှံခဲ့သည်။

အဆိုပါ လူငယ်သည် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက အာရက္ခတပ်တော်ထံသို့ စစ်မှုထမ်းရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့်အတွက် ယာယီထိန်းသိမ်းထားက အာရက္ခတပ်တော်မှ ယနေ့တွင် အုပ်ထိန်းသူမိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေးခဲ့ခြင့်ဖြစ်သည်။

အဆိုပါလူငယ်မှာ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အဖဦးသိန်းအောင်ချေနှင့် မိခင် ဒေါ်လှလှဝင်း (ခ) ငယ်ငယ် ၏သား အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ဖြစ်သည်။

“အဖေဖြစ်သူ မနှစ်က ဆုံးသွားတော့ အမေဖြစ်သူကလဲ မလုပ်တတ်မစားတတ်ဘူး။ သားသမီးကလဲ ၅ ယောက်ရှိတယ်။ ကျောင်းတက်နေတာက ၄ ယောက်ရှိတော့ စရိတ်တွေက လိုက်လို့မမှီဘူး။ အဲ့တာနဲ့ သူတပ်ထဲဝင်ရင် အဆင်ပြေသွားမှာပဲဆိုတဲ့ အထင်နဲ့ ဝင်သွားတာ” ဟု ၎င်း၏ အဒေါ်ဖြစ်သူက AB News သို့ပြောသည်။

အာရက္ခတပ်တော်သည် အသက်မပြည့်သေးသည့် လူငယ်များ၊ ကျောင်းသားများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို စစ်မှုထမ်းရန် လက်မခံကြောင်း မြောက်ဦးမြို့နယ်ပါတီမှ ရှင်းလင်းပြောကြားခဲ့သည်။

တဖက်တွင်လည်း စစ်ကော်မရှင်တပ်၏ လော်ဘီများ၊ မူဆလင်အစွန်းရောက်အဖွဲ့များနှင့် အာရက္ခတပ်တော်ကို မလိုလားသည့်အဖွဲ့များက အာရက္ခတပ်တော်သည် အသက်မပြည့်သေးသည့် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုပါ စစ်မှုထမ်းခေါ်သည်ဟု ဝါဒဖြန့်လျက်ရှိသည်။

” အခုလိုသားလေးကို ပြန်လည်အပ်နှံပေးတာ အာရက္ခတပ်တော်ကိုကျေးဇူးအရမ်းတင်ပါတယ်။ သားလေးကို ပညာတတ်ကြီးဖြစ်အောင်ဆက်သင်သွားမှာပါ။ ပညာတတ်မှ ဝင်ရင် သူ့သဘောအတိုင်းဝင်ခိုင်းမှာပါ။ အခုလို အသက်ငယ်သေးတဲ့ကလေးတွေကို လက်မခံတာလဲ အလွန်ဝမ်းသာမိပါတယ်။” ဟု မိခင်ဖြစ်သူ ဒေါ်လှလှဝင်းက AB News သို့ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပြင်ဈေးရပ်ကွက်မှ အသက်မပြည့်ဘဲ စစ်မှုထမ်းရန်လာရောက်သည့် အဖ ဦးအောင်လှဇံ၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နေလင်းအောင်ကို အာရက္ခတပ်တော်က မိဘများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ