သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စစ်ကော်မရှင်လေတပ်က လေယာဉ်အုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်

AB News – မေ ၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကော်မရှင်က ယနေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် လေယာဉ်အုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကော်မရှင်လေတပ်က မင်းပြားမြို့နယ်အတွင်းရှိ သစ်ပုတ်တောင်နှင့် ကျောက်ခုတ်ကျေးရွာအနီးဝန်းကျင်ရှိ တောင်တန်းများကို ဂျက်ဖိုက်တာ ၃ စီး၊ Y-12 ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းပြားဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ဒီနေ့ နေ့လည် ၂ နာရီလောက်က ဗုံးလာကြဲတာ၊ လေကြောင်းတိုက်ခိုက်ချိန် တစ်နာရီခွဲအထိ ကြာခဲ့တယ်။ ခုမှပဲ လေယာဉ်အုပ်စု ပြန်သွားတာ။ ဂျက် ၃ စီး၊ Y-12 ၂ စီးနဲ့ ဗုံးကြဲသွားတာပါ” ဟု ဆိုသည်။

မင်းပြားမြို့နယ်အတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ/မရှိ အသေးစိတ်ကို Arakan Bay News သတင်းဌာနက စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ